Self-Care Sunday
ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ တနင်္ဂနွေနေ့မှာတွေ့ကြစို့!

Self-Care Sunday
Hawaii In Person Event
 
ခန္ဓာကိုယ်ကို လှုပ်ရှားမှုရှိစေခြင်းက စိတ်ရောကိုယ်ပါပေါ့ပါးစေတယ် ဆိုတာကို သိနားလည်ကြပါတယ်။ ကျွန်မတို့ရဲ့နေ့စဉ်ဘဝမှာ အမိမြေကိုစွန့်ခွါပြီး သူများတိုင်းတပါးမှာ စိတ်ရော ကိုယ်ပါနှစ်ပြီး အလုပ်လုပ်ရင်း မိမိကိုယ်ကိုယ်ဂရုစိုက်ဖို့၊ မိမိကိုယ်ကိုယ်အချိန်ပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။ နေ့စဉ်ဘဝမှာ ကိုယ့်ရဲ့စိတ်ရောကိုယ်ပါကျန်းမာဖို့ ခန္ဓာကိုယ် လှုပ်ရှားမှုကို လုပ်လိုက်ခြင်းအားဖြင့် စိတ်ကျန်းမာရေးအားကောင်းပြီး စိတ်ပေါ့ပါးလာတဲ့ ရလဒ်ကောင်းကို ရရှိမှာဖြစ်ပါတယ်။
 
ဟာဝိုင်အီပြည်နယ်မှာရှိတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားများအတွက် ရည်ရွယ်ပြီး ခန္ဓာကိုယ်ကျန်းမာရေးမှတစ်ဆင့် စိတ်ကျန်းမာရေးကိုထိန်းညှိတတ်စေရန်နှငိ့ မိမိကိုယ်ကိုယ် ဂရုစိုက်သောအားဖြင့် အချိန်နည်းနည်းပေးရုံဖြင့် ကိုယ်မသိသေးတဲ့ ကိုယ်ခန္ဓာလှုပ်ရှားမှုများက မိမိရဲ့ စိတ်ခန္ဓာကို ဘယ်လောက်ထိ အထောက်အကူပြုလဲဆိုတဲ့ အကြောင်းတွေကို နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ Founder, Yoga Teacher Yoga under the Palms Hawai’i, U.S.A မှ Summer Rothwell နဲ့အတူ Founder, Lecturer, Licensed Social Worker Certified Yoga instructor ဖြစ်တဲ့ ဆရာမ ဂျူးဂျူးမင်းသူတို့က ဦးဆောင်လမ်းညွှန်မှုများဖြင့် Yoga event ကိုကျင်းပကြမှာဖြစ်ပါတယ်။
 
အစီအစဉ်ကို လာမယ့် ဇန်နဝါရီလ (၂၅) ရက်နေ့၊ ဟာဝါအီအချိန် ညနေ (၂:၀၀) နာရီ က (၄:၀၀) နာရီအထိ Kakaako Studio, 810 Pohukaina St Suite 2A, Honolulu, HI, 96813, Dress Code: Yoga outfit မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
 
ကိုယ့်အတွက် ရှင်သန်ဖို့ နေ့စဉ်ကြိုးစားရုန်းကန်ပေးနေတဲ့ မိမိကိုယ်ကိုယ် မယိုင်လှဲသွားဖို့အတွက် Self Care လေးတွေ ပုံမှန်လေးလုပ်ဖို့အရေးကြီးပါတယ်။ ဒါကြောင့် မိမိကိုယ်ကိုယ် ချစ်တတ်ဖို့ လာမယ့် ဒီ တနင်္ဂနွေနေ့ ဆွေးနွေးပွဲမှာ တွေ့ကြဖို့ အခုပဲ Register လုပ်လိိုက်တော့နော်။
 
 
December 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

November 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

November 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

October 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

September 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

en_USEN