Community Resilience

Community Resilience
အားလုံးပဲ မင်္ဂလာပါရှင်
ဒီအပတ်ရဲ့ Friday LIVE အစီအစဉ်လေးမှာတော့ “Community Resilience” “လူမှုအဖွဲ့အစည်းရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းအား” ဆိုတဲ့ ခေါင်းစဉ်ကို Ma Zarli (Owner of Ochityar, Founder of Resilient Women’s Creative Network, Trainer of Joy House) နဲ့ Jue Jue’s Safe Space မှ Live Host ဖြစ်သူ ဆရာမ ဖူးပြည့်စုံ တို့က ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင်။
ကျွန်မတို့ရဲ့ Friday LIVE Programကို Jue Jue’s Safe Space ရဲ့ Youtube Channel မှာ အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်သွားမှာဖြစ်လို့ Subscribe မလုပ်ရသေးရင် အခုပဲ လုပ်ထားလိုက်ဖို့ မမေ့ပါနဲ့ရှင်။
အခက်အခဲတွေ ကြုံလာရတဲ့အခါ “ငါတို့” ဆိုတဲ့ စုပေါင်းအားနဲ့ ဘယ်လိုနာလန်ထူကြမလဲ၊ အရင်းအမြစ်တွေထက် ပိုမိုအရေးပါတဲ့ လူသားအချင်းချင်း ယုံကြည်မှုနဲ့ ဆက်ဆံရေးက အကျပ်အတည်းတွေကို ကျော်ဖြတ်ရာမှာ ဘယ်လောက်အထိ ခွန်အားဖြစ်စေသလဲဆိုတာတွေအပြင် Ochityar နဲ့ Resilience Women’s Creative Network ရဲ့ တည်ထောင်သူတစ်ယောက် အနေနဲ့ အတွေ့အကြုံများအရ စည်းလုံးတဲ့ အသိုင်းအဝိုင်းတစ်ခုက လူတစ်ဦးချင်းစီရဲ့ စိတ်ကျန်းမာရေးကို ဘယ်လိုကာကွယ်ပေးနိုင်သလဲ၊ ကိုယ့်ပတ်ဝန်းကျင်အတွက် လုံခြုံစိတ်ချရတဲ့ Social Safety Zone လေးတစ်ခုဖြစ်လာအောင် မိမိတစ်ယောက်ချင်းစီက နေ့စဉ်ဘဝမှာ ဘယ်လိုပါဝင်အားဖြည့်ပေးနိုင်မလဲဆိုတာတွေကိုပါ ဆွေးနွေးသွားမှာဖြစ်ပါတယ်။
Jue Jue’s Safe Spaceရဲ့ Follower တွေအနေနဲ့လည်း ဒီအစီအစဉ်လေးမှာ သိချင်တာ မေးမြန်းချင်တာတွေရှိရင် ပါဝင်ဆွေးနွေးဖို့ မေးခွန်းလေးတွေ ပို့လို့ ရသလို ကိုယ်တိုင်စောင့်ကြည့် ဝင်ရောက်ဆွေးနွေးဖို့လည်း အားလုံးကို ဖိတ်ခေါ်ပါတယ်။
Live မှာ ပါဝင်ဆွေးနွေးပေးသွားမယ့်သူတွေကတော့ Ma Zarli နဲ့ Jue Jue’s Safe Space က မ ဖူးပြည့်စုံ တို့က ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
ရက်စွဲ : ၃၀.၁.၂၀၂၆ (သောကြာနေ့)
အချိန် : ည( ၈ ) နာရီ (မြန်မာစံတော်ချိန်)
Live ပြုလုပ်မည့်နေရာ – Jue Jue’s Safe Space YouTube Channel
မေးမြန်းချင်တာတွေ၊ သိလိုတာတွေရှိရင် comment မှာရေးပေးလို့ရသလို Chat Box မှာလည်း ကြိုတင်မေးခွန်းများပို့ကာ မေးမြန်းထားနိုင်ပါတယ်။
 
December 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

November 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

November 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

October 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

September 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

en_USEN