မြန်မာပြည်သူတွေရဲ့ စိတ်ကျန်းမာရေး ဘယ်လောက်ထိခိုက်ခဲ့ပြီလဲ? - DVB Interview

အကြမ်းဖက်စစ်အာဏာရှင်လက်အောက်က ၂နှစ်တာကာလအတွင်း လူ့အခွင့်အရေးချိုးဖေါက်ခံနေရတဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ကျန်းမာရေးအခြေအနေ ဘယ်လောက်ထိခိုက်ခဲ့ပြီလဲ။​ ဘယ်လိုပြန်လည်ကုစားနိုင်ကြမလဲ။​ စိတ်ကျန်းမာရေးပညာရှုဒေါင့်က အကြံပြုချက်။​

#DVBTV #interview #myanmar DVB TV – 15.02.2023

ဆရာမဂျူးဂျူးမင်းသူမှ DVB သတင်းဌာန၏ မေးမြန်းချက် မှာ Jue Jue's Safe Space ရဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများအကြောင်း ဆွေးနွေးဖြေဆိုခြင်း

Jue Jue’s Safe Space Founder ဆရာမ ဂျူးဂျူးမင်းသူမှ မြန်မာပြည်သားများအတွက် စိတ်ကျန်းမာရေးဝန်ဆောင်မှုများအလွယ်တကူရရှိဖို့အတွက် Jue Jue’s Safe Space ဘယ်လိုဖြစ်ပေါ်လာတာလဲ ဆိုတဲ့အကြောင်းအရာများ၊ ပေးတဲ့တဲ့ဝန်ဆောင်မှုများနဲ့ ကျွန်မတို့ရဲ့ Brand Service ဖြစ်တဲ့ Suicide Prevention Training နဲ့ Helpline များအကြောင်းကို ပြောကြားထားပါတယ်။ ဒါ့အပြင် ကျွန်မတို့မြန်မာပြည်သားများလိုအပ်နေတဲ့ စိတ်ကျန်းမာရေးလုပ်ဆောင်ချက်များဖြစ်တဲ့ မြန်မာလူထုကြား စိတ်ကျန်းမာရေးအပေါ်မှာယွင်းစွာမြင်နေတဲ့ အမဲစက်တွေ၊ မိမိကိုယ်ကိုယ်အဆုံးစီရင်မှုတွေ၊ စွဲလမ်းစိတ်ပြဿနာတွေ စတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများရဲ့ နောက်ဆက်တွဲအကျိုးဆက်များနဲ့ ဘယ်လိုမှန်ကန်စွာကုစားရေးဝင်မလဲ ဆိုတဲ့အကြောင်းအရာများကို DVB Media သို့ ပြည့်စုံစွာပြည်လည်ဖြေကြားထားတာကို လေ့လာသိရှိနိုင်အောင် Youtube မှာ အတူတူ နားထောင်ကြရအောင်ပါ။

Finding Ecoharmony After Natural Disasters

| Jue Jue Min Thu | TEDxChiangMai

နိုဝင်ဘာလ (၁၅) ရက်နေ့မှာ ကျင်းပခဲ့တဲ့ TEDx Chiang Mai ဟောပြောပွဲမှာ Jue Jue’s Safe Space ရဲ့ Founder ဆရာမဂျူးဂျူးမင်းသူက “Eco-harmony: From Trauma to Trust” ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။ ဟောပြောပွဲမှာ သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဒဏ်ရာများကို သဘာဝတရားနဲ့ ပြန်လည်ချိတ်ဆက်နေထိုင်ခြင်းကတစ်ဆင့် ဘယ်လိုပြန်လည်ကုစားနိုင်မလဲဆိုတာကို ပြောကြားခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်ခံစားလာရတဲ့ အကြောက်တရားများ၊ ကြီးမားတဲ့ ဆုံးရှုံးမှုများနဲ့ ဘဝပြောင်းလဲမှုများ၊ နေ့စဉ်ဘဝမှာ တွေ့ကြုံရတဲ့ စိတ်ဒဏ်ရာလှုံ့ဆော်ချက်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး လက်တွေကျတဲ့ဖြေရှင်းချက်နည်းလမ်း Grounding Techniques များကို အသုံးပြုကာ ယုံကြည်မှု ပြန်လည်တည်ဆောက်ခြင်းနဲ့ စိတ်ခံနိုင်ရည်စွမ်းအား မြှင့်တင်နိုင်ပုံကိုလည်း မျှဝေခဲ့ပါတယ်။ ဟောပြောသွားတဲ့အကြောင်းအရာများကို ပိုမိုသိရှိလိုပါက အောက်ပါလင့်မှာ ဆက်လက်ဖတ်ရှုလို့ရအောင် ပြန်လည်မျှဝေလိုက်ရပါတယ်။

#traumarecovery #earthquake #naturaldisasters #traumahealing #juejuesafespace

ငြိမ်းချမ်းရေးကိုရှာဖွေတဲ့ စိတ်ကျန်းမာရေးညီလာခံ

 စိတ်ကျန်းမာရေးအားကောင်းတဲ့ လူထုအသိုင်းအဝိုင်းဖြစ်လာစေဖို့ ရည်ရွယ်တဲ့ ကျန်းမာရေးညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ Jue Jue’s Safe Space နဲ့ Chiang Mai University တို့ ပူးပေါင်းပြီး ဇန်နဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက် နေ့တွေမှာ ကျင်းပခဲ့ပါတယ်။
ဒီညီလာခံကို ငြိမ်းချမ်းရေးကိုရှာဖွေခြင်းလို့အမည်ပေးထားပြီး တစ်ဦးချင်းစီရဲ့ ရင်တွင်းငြိမ်းချမ်းရေး (Inner Peace)၊ လူထုအတွင်း ငြိမ်းချမ်းရေးနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတည်ဆောက်ခြင်း (Community Peace and Resilience) နဲ့ ပြည်တွင်းငြိမ်းချမ်းရေး (National Peace) ဆိုတဲ့ အပိုင်း ၃ ပိုင်းနဲ့ ကျင်းပခဲ့တာပါ။
အကျပ်အတည်းကာလမှာ စိတ်ကျန်းမာရေးကောင်းတဲ့ မြန်မာလူထု၊ မြန်မာအသိုင်းအဝိုင်းထူထောင်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း Jue Jue’s Safe Space တည်ထောင်သူ ဟာဝိုင်အီအခြေစိုက် စိတ်ကျန်းမာရေးပညာရှင် မဂျူဂျူးမင်းသူက ပြောပါတယ်။

လူငယ့်စိတ်ဒဏ်ရာ ဝိုင်းဝန်းဖြေလျော့တဲ့ တနေရာ “Gen Z”

နိုင်ငံရေး အကျဉ်းသားဖြစ်ခဲ့တဲ့ ဖခင်ရဲ့ စိတ်ဒဏ်ရာတွေကို ကိုယ်တိုင်တွေ့ ကြုံခဲ့ရတဲ့ အမျိုးသမီးငယ်လေး မဂျူးဂျူးက မြန်မာနိုင်ငံက လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကူညီပေးနိုင်ရေး ကြိုးပမ်းနေပါတယ်။ GenZ ပရိသတ်အတွက် မခင်လေး ဆက်သွယ် စကားပြောထားပါတယ်။

စိတ်ကျန်းမာရေးပညာရှင် မဂျူးဂျူးမင်းသူကို မသင်းသီရိဆက်သွယ်မေးမြန်းချက်

မြန်မာနိုင်ငံမှာ အထွေထွေ ကြပ်တည်းမှုတွေကြောင့် စိတ်ဖိစီးမှုတွေများလာပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့စဉ်းစားလာတာမျိုးနဲ့ စိတ်ကျဝေဒနာမျိုးတွေ ခံစားလာရပြီဆိုရင် ဘယ်လိုအလျှင်အမြန် ကုစားသင့်ပါသလဲ။ အမေရိကန်ပြည်ထောင်စု ဟာဝါရီပြည်နယ်က စိတ်ကျန်းမာရေးပညာရှင်

မဂျူးဂျူးမင်းသူကို မသင်းသီရိဆက်သွယ်မေးမြန်းထားပါတယ်။

#ExclusiveInterviews #MizzimaTV

စိတ်ကျန်းမာရေးဆိုင်ရာ ဆက်သွယ်မေးမြန်းခြင်း

လက်ရှိ ခေတ်စနစ်ဆိုးအောက်တွင် ရှင်သန်နေထိုင်ကြရသော တိုင်းရင်းသားပြည်သူများ၊ ပြည်တွင်းစစ်ပွဲပဋိပက္ခများအကြား မြေစာပင်ဖြစ်နေကြသော ပြည်သူများအနေဖြင့် ကိုယ်ကျန်းမာရုံသာမက စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာနေအောင် မည်ကဲ့သို့ခွန်အားပေးနေထိုင်သင့်သနည်း စသည်တို့ကို အမေရိကန်နိုင်ငံရှိ ဟာဝိုင်အီ တက္ကသိုလ်တွင် နည်းပြအဖြစ်တာဝန်ယူထားပြီး ယခုလက်ရှိတွင်လည်း Jue Jue’s Safe Space ၏ တည်ထောင်သူဖြစ်သော မဂျူးဂျူးမင်းသူနှင့် ဆက်သွယ်မေးမြန်းထားသည်များကို စုစည်းတင်ပြလိုက်ပါသည်။

en_USEN