ကိုယ်ချစ်ရသူတွေကိုဆုံးရှုံးလိုက်ရတာ အိမ်မက်သာဖြစ်လိုက်ပါတော့လို့ တွေးမိနေလား။
 
လွန်ခဲ့တဲ့ရက်ပိုင်းက မမျှော်လင့်ဘဲ ရုတ်ချည်းဖြစ်ပေါ်ခဲ့တဲ့သဘာဝဘေးအန္တရာယ်ဆိုးကြီးဖြစ်တဲ့ ငလျင်ကြောင့် မိမိချစ်တဲ့သူတွေ အချိန်ခဏလေးအတွင်းမှာ ရုတ်တရက်ခွဲခွါသွားတာကို အိပ်မက်ဆိုးကြီးတစ်ခုလို တွေ့ ကြုံကြရပါတယ်။
 
အဖြစ်အပျက်တွေက အရမ်းကို မြန်ဆန်လွန်းတဲ့အခါမှာ ကိုယ်ချစ်ရတဲ့သူတွေနဲ့ မမျှော်လင့်ဘဲ ရုတ်တရက်ခွဲခွါရခြင်းကို လက်မခံနိုင်ဘဲ မိမိစိတ်က ငြင်းဆန်တတ်ကြပါတယ်။ မိမိချစ်ရသူကို အချိန်ခဏလေးအတွင်းမှာ ဆုံးရှုံးလိုက်ရတာကို မယုံကြည်နိုင်ဘဲ စိတ်ထဲမှာကိုယ်ချစ်ရတဲ့သူ အသက်ရှင်လျက်ရှိနေသေးသလို ခံစားတတ်ကြပါတယ်။
 
ဒါဟာမိမိဦးနှောက်က ရုတ်တရက်ခံ စားရတဲ့ပူဆွေး သောကဒဏ်ကို ခံနိုင်ရည်ရှိစေဖို့အတွက် ဦးနှောက်က အကာအကွယ်အနေနဲ့ မယုံမကြည် လက်မခံနိုင်တဲ့ အတွေးတွေကို တွေးမိစေတာ ဖြစ်ပါတယ်။
 
မိမိချစ်ခင်သူတွေနဲ့ခွဲခွါရခြင်းကို မယုံကြည်နိုင်တဲ့ခံစားချက်ဟာ ပူဆွေးသောကရဲ့သဘာဝကျတဲ့ အဆင့်တစ်ခုလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဝမ်းနည်းမှုဟာ စံသတ်မှတ်ချက်မရှိတဲ့ ခံစားချက်ဖြစ်ပြီး ပူဆွေးမှုအချိန်ကာလဟာ တစ်ယောက်နဲ့တစ်ယောက်မတူညီကြတာမလို့ မိမိကိုယ်တိုင်အတွက်ပဲဖြစ် ဖြစ်၊ မိမိပတ်ဝန်းကျင်က လူတွေအတွက်ဖြစ်ဖြစ် ပူဆွေးဖို့အတွက် လုံလောက်တဲ့ အချိန် လိုအပ်ပါတယ်။ မိမိစိတ်ထဲဖြစ်ပျက်တာတွေကို ကိုယ်တိုင်နားလည်မှသာ မိမိစိတ်ကို ပြန်လည်ကုစားလို့ရမှာ ဖြစ်ပါတယ်။
 
ကိုယ်ချစ်ရတဲ့သူထွက်ခွါသွားတာကိုလက်ခံလာနိုင်ဖို့အတွက်
(၁) ပူဆွေးမှုကိုလက်ခံပြီး ကိုယ့်ကိုကိုယ်အချိန်ပေးပါ။
(၂) မိမိခံစားချက်များကို journaling လုပ်ခြင်း၊သူငယ်ချင်းများအားပြောပြခြင်းဖြင့်ဖွင့်ထုတ်ပါ။
(၃)ရေတိုပန်းတိုင်ငယ်လေးများသတ်မှတ်ပြီးမိမိဘဝကိုရှေ့ဆက်ရန်ဖြည်းဖြည်းချင်းကြိုးစားပါ။
(၄) တရားမှတ်ခြင်း၊ဝတ်ပြုခြင်းစသည့်စိတ်ကိုအေးချမ်းစေမည့်အရာများပြုလုပ်ပါ။
(၅) ကျွမ်းကျင်ပညာရှင် များထံမှစိတ်ကျန်းမာရေးဆိုင်ရာအ​ကူအညီများရယူပါ။
စာဖတ်သူတို့အတွက် ယခုလိုစိတ်ပင်ပန်းစရာအချိန်ကာလကြီးကိုဖြတ်သန်းနေရတဲ့ကာလမှာ လိုအပ်တဲ့စိတ်ကျန်းမာရေးဆိုင်ရာအထောက်အပံ့တွေကိုရယူဖို့လိုအပ်တာမလို့ ကျွန်မတို့ Jue Jue’s Safe Spaceကိုအချိန်မရွေးဆက်သွယ်နိုင်ပါတယ်ရှင်။
 
ကျွန်မတို့ Jue Jue’s Safe Spaceက သင်နဲ့အတူတူရှိနေပါတယ်။
ရင်ဘတ်တူလူချင်းမျှဝေ ခံစားလို့ရစေဖို့အတွက် commentမှာ မိမိခံစားချက်တွေကို sharing လုပ်ပေးခဲ့ပါဦး။
 
February 25, 2025

ချစ်ခြင်းမေတ္တာကို အပြင်ရပ်ဝန်းကနေ ရှာမိနေတာလား ?

သားသမီးတွေအပေါ် ထားရှိတဲ့ မိဘရဲ့ ချစ်ခြင်းမေတ္တာတွေက အမြဲတမ်း နူးညံ့

March 17, 2025

စိတ်ကြောင့်ဖြစ်တဲ့ ဝေဒနာ သို့မဟုတ် Psychosomatic Disorder အကြောင်း

‘စိတ်ထောင်းတော့ ကိုယ်ကြေ’ ဆိုတဲ့စကား ကြားဖူးကြမှာပါ။ သင့်ရဲ့ စိတ်ခံစားမှုနဲ့

March 21, 2025

Geopolitical Aspects of Asia Related Myanmar

Geopolitical Aspects of Asia Related Myanmar

March 24, 2025

မတုန်လှုပ်ပါနဲ့

မတုန်လှုပ်ပါနဲ့ "ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံယဿ န ကမ္ပတိ"