Jue Jue Safe Space offers online webinars focused on mental health, social justice, and advocacy. The webinars feature speakers from various respective fields, bringing valuable insights and diverse perspectives.
This is a weekly program that discusses Myanmar’s current situation from a mental health perspective.
Presented by RFA together with Hawaii-based mental health professional Jue Jue Min Thu.
မြန်မာပြည်က လက်ရှိလူနေမှုဘဝ အခြေအနေတွေကို စိတ်ကျန်းမာရေးရှုထောင့်ကနေ အပတ်စဉ် ဆွေးနွေးဝေမျှမယ့် “ညစ်မနေနဲ့” အစီအစဉ် ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ ဖြစ်ပျက်နေတဲ့ အနိဋ္ဌာရုံသတင်းတွေအကြား သတင်းသမားတွေ ကြုံရတဲ့ စိတ်ကျန်းမာရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ဟာဝိုင်ယီအခြေစိုက် စိတ်ကျန်းမာရေးပညာရှင် ဂျူဂျူးမင်းသူနဲ့အတူ RFA သတင်းထောက် စောဖိုးခွားနဲ့ ဝေမာထွန်း ပါဝင် ဆွေးနွေးထားပါတယ်။
မြန်မာပြည်က လက်ရှိလူနေမှုဘဝ အခြေအနေတွေကို စိတ်ကျန်းမာရေးရှုထောင့်ကနေ အပတ်စဉ် ဆွေးနွေးဝေမျှနေတဲ့ “ညစ်မနေနဲ့” အစီအစဉ် ဖြစ်ပါတယ်။ ခေတ်ဆိုးစနစ်ဆိုးအတွင်း အဆုံးအရှုံးတွေကြားကနေ ရုန်းထပြီး ဘယ်လို ရှေ့ဆက်ရှင်သန်ကြမလဲဆိုတာနဲ့ ပတ်သက်လို့ ဟာဝိုင်ယီအခြေစိုက် စိတ်ကျန်းမာရေးပညာရှင် ဂျူဂျူးမင်းသူနဲ့အတူ သရုပ်ဆောင် ရပ်ဆဲလ်၊ မြန်မာပြည် ပြန်လည်ကုစားရေးအစီအစဉ်က ကိုကျော်ဇင် ပါဝင်ဆွေးနွေးထားပါတယ်။
မြန်မာပြည်က လက်ရှိလူနေမှုဘဝ အခြေအနေတွေကို စိတ်ကျန်းမာရေးရှုထောင့်ကနေ အပတ်စဉ် ဆွေးနွေးဝေမျှနေတဲ့ “ညစ်မနေနဲ့” အစီအစဉ် ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရန်ကုန်မြို့တွင်းမှာ နေ့ခင်းကြောင်တောင် ခိုးဆိုးလုယက်ခံရသူတွေ ကြုံတွေ့ခံစားရတဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားမလဲဆိုတာနဲ့ ပတ်သက်လို့ ဟာဝိုင်ယီအခြေစိုက် စိတ်ကျန်းမာရေးပညာရှင် ဂျူဂျူးမင်းသူ၊ ကိုယ်တိုင်လုယက်ခံခဲ့ရသူ နိုးနိုးနဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ကိုငယ်တို့ ပါဝင်ဆွေးနွေးထားပါတယ်။
မြန်မာပြည်က လက်ရှိလူနေမှုဘဝ အခြေအနေတွေကို စိတ်ကျန်းမာရေးရှုထောင့်ကနေ အပတ်စဉ် ဆွေးနွေးဝေမျှနေတဲ့ “ညစ်မနေနဲ့” အစီအစဉ် ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ခံစားကြုံတွေ့နေရတဲ့ စိတ်သောကပြေလျော့အောင် ဘာတွေလုပ်ကြမလဲဆိုတာနဲ့ ပတ်သက်လို့ ဟာဝိုင်ယီအခြေစိုက် စိတ်ကျန်းမာရေးပညာရှင် ဂျူဂျူးမင်းသူ၊ ထိုင်းနယ်စပ် မဲဆောက်အခြေစိုက် “ပီတိအိမ်”အဖွဲ့တာဝန်ခံ မနေခြည်ဝင်းနဲ့ ရောင်စုံမိန်းကလေးများအဖွဲ့မှ မစုတို့ ပါဝင်ဆွေးနွေးထားပါတယ်။
မြန်မာပြည်က လက်ရှိလူနေမှုဘဝ အခြေအနေတွေကို စိတ်ကျန်းမာရေးရှုထောင့်ကနေ အပတ်စဉ် ဆွေးနွေးဝေမျှနေတဲ့ “ညစ်မနေနဲ့” အစီအစဉ် ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေကြား စိုးရိမ်ထိတ်လန့်မှုတွေ တိုးလာနေပြီး စိတ်သောကရောက်နေရတဲ့အကြောင်း ဆွေးနွေးထားပါတယ်။ ဟာဝိုင်ယီအခြေစိုက် စိတ်ကျန်းမာရေးပညာရှင် ဂျူဂျူးမင်းသူနဲ့အတူ အမေရိကန် အငြိမ်းစားဒုဗိုလ်မှူးကြီး ဒေါက်တာဒေါ်မီမီဝင်းဘတ်၊ နယူးယောက်အခြေစိုက် စိတ်ကျန်းမာရေးအထူးကု ဒေါက်တာဒေါ်နီလာသွင်၊ မြေအောက်တော်လှန်ရေး (UG) လုပ်နေတဲ့ ကိုသန့် (အမည်လွှဲ) တို့ပါဝင်ဆွေးနွေးထားပါတယ်။
မြန်မာပြည်က လက်ရှိလူနေမှုဘဝ အခြေအနေတွေကို စိတ်ကျန်းမာရေးရှုထောင့်ကနေ အပတ်စဉ် ဆွေးနွေးဝေမျှနေတဲ့ “ညစ်မနေနဲ့” အစီအစဉ် ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ဖောက်ခွဲရေးတစ်ခုလုပ်ရင်း တစ်ကိုယ်လုံးမီးလောင်ဒဏ်ရာရခဲ့တဲ့ တော်လှန်ရေးရဲဘော် ကိုဇင်မျိုးဦး၊ တယ်လီကျန်းမာ စိတ်ကျန်းမာရေးအထူးကုဒေါက်တာမော်နီကာတို့ ပါဝင်ဆွေးနွေးထားပါတယ်။
ဒီတစ်ပတ်မှာတော့… LGBTQ လို့ခေါ်တဲ့ လိင်စိတ်ခံယူမှုကွဲပြားမှုတွေဟာ ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်မခံသူတွေကြား ဘယ်လိုရှင်သန်နေထိုင်ကြမလဲ… စိတ်ထဲမှာ မခံနိုင်တာတွေကို Self-Medication လို့ခေါ်တဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုစားသင့်သလားဆိုတဲ့အကြောင်း ဆွေးနွေးကြပါမယ်။ LGBT အရေးလှုပ်ရှားသူ မစောဟန်နွေဦးနဲ့ စိတ်ကျန်းမာရေးပညာရှင် ဒေါက်တာဦးညွှန့်နိုင်သိန်းတို့က ပါဝင်ဆွေးနွေးထားကြပါတယ်။
ဒီတစ်ပတ်မှာတော့… လူမျိုးတုံးသတ်ဖြတ်မှုတွေကြောင့် ဘင်္ဂလားဒေ့နိုင်ငံဘက်ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာတွေနဲ့၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဖိနှိပ်မှုတွေနဲ့ စိတ်ကျန်းမာရေး အခြေအနေတွေအကြောင်း ဆွေးနွေးကြပါမယ်။ ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ကိုဟာဆန်နဲ့ အာရှ-ပစိဖိတ် ဒုက္ခသည်ကွန်ရက်က တွဲဖက်အတွင်းရေးမှူး မဟာဖ်ဆာတို့ ပါဝင်ဆွေးနွေးထားကြပါတယ်။
ဒီတစ်ပတ်မှာတော့… ကချင်ပြည်နယ်တွင်း ဆယ်စုနှစ်နဲ့ချီတိုက်ပွဲတွေကြား ဒေသခံတွေ ခံစားနေရတဲ့ စိတ်ဒဏ်ရာတွေအကြောင်း ဆွေးနွေးထားပါတယ်။ ဒုက္ခသည်စခန်းမှာပဲ ဘဝတစ်လျှောက်လုံးကြီးပြင်းလာရတဲ့ မခွန်နန်နဲ့ စိတ်ကျန်းမာရေးအတိုင်ပင်ခံ ဆရာမ ဒိုင်ယာနာစမ်ခွန်တို့ ပါဝင်ဆွေးနွေးထားကြပါတယ်။
ဒီတစ်ပတ်မှာတော့… ငယ်စဉ်ကလေးဘဝ စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းခဲ့ရသူတွေ ဘယ်လိုကုစားသင့်လဲဆိုတာ ဆွေးနွေးထားပါတယ်။ ကိုယ်တိုင်ခံစားခဲ့ရသူ မနွယ်နဲ့ စိတ်ကျန်းမာရေးအထူးကု ဒေါက်တာဖြူပန်းနုခင်တို့ ပါဝင်ဆွေးနွေးထားကြပါတယ်။