Our Services

Individual Counseling

Jue Jue’s Safe Space ၏ တစ်ဦးချင်း တိုင်ပင်ဆွေးနွေးပေးသည့် ဝန်ဆောင်မှုကို Master Degree ရရှိပြီးသည့် နိုင်ငံတကာ အဆင့်မှီ အသိအမှတ်ပြု စိတ်ကျန်းမာရေး Counselor များနှင့်ရရှိနိုင်ပါတယ်။ စိတ်ကျန်းမာရေးဆိုင်ရာ တစ်ဦးချင်း ဆွေးနွေးကုသရာတွင် တစ်ကြိမ်လျှင် မိနစ် (၅၀)မှ (၆၀)မိနစ် ကြာမြင့်မှာဖြစ်ပြီး ကုသခံယူသူနှင့် Counselor နှစ်ဦးအပြန်အလှန် နှစ်သိမ့်ဆွေးနွေးခြင်းဖြစ်ပါတယ်။ တစ်ဦးချင်းတိုင်ပင်ဆွေးနွေးမှုရယူလိုပါက Jue Jue’s Safe Space ၏ Facebook Chat box ကနေတစ်ဆင့် booking ပြုလုပ်နိုင်ပါပြီ။​

Group Counseling

မိမိတို့၏အဖွဲ့အစည်းများ၊ ကုမ္ပဏီများတွင် ဖြစ်ပေါ်လေ့ရှိသော လုပ်ငန်းခွင်ဆိုင်ရာ စိတ်ဖိစီးမှုများ၊ လှုမှုရေး ပဋိပက္ခများကို စိတ်ကျန်းမာရေး ကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးကာ လုပ်ငန်းခွင် (သို့) မိမိတို့၏ အသိုင်းအဝိုင်းအတွင်း ပိုမိုအဆင်ပြေလာစေရန် အဖွဲ့လိုက်နှစ်သိမ့်ဆွေး‌နွေးမှုဝန်ဆောင်မှုများလည်း Jue Jue’s Safe Space မှာ ရယူနိုင်ပြီဖြစ်ပါတယ်။​

Couple Counseling

အိမ်ထောင်ရေး၊ အချစ်ရေး၊ မိမိနှင့် မိမိ Partnerကြားဆိုင်ရာ ပဋိပက္ခများကို ဖြေရှင်းလိုသူများ Master Degree ရရှိပြီးသည့် နိုင်ငံတကာ အဆင့်မှီ အသိအမှတ်ပြု စိတ်ကျန်းမာရေး Counselor များနှင့် Couple Counseling ကို ရယူနိုင်ပါတယ်။ တစ်ကြိမ်လျှင် မိနစ် (၅၀)မှ (၆၀)မိနစ် ကြာမြင့်မည်ဖြစ်ပြီး ဆွေးနွေးမှုခံယူသူစုံတွဲနှင့် Counselorကြား အပြန်အလှန် နှစ်သိမ့်ဆွေးနွေးခြင်းဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက Jue Jue’s Safe Space၏ Facebook Page Chat box တွင် အသေးစိတ်မေးမြန်းမှုများပြုလုပ်နိုင်ပါတယ်။​

Free Services

စိတ်ဓာတ်ကျပြီး ထွက်ပေါက်ပိတ်နေတယ်လို့ ခံစားနေရပါသလား။

နိုင်ငံရေး လူမှုရေး စီးပွားရေးတွေမှာ အဘက်ဘက်က ကြပ်တည်းပြီး ဖိအားဖြစ်နေလို့ ထွက်ပေါက်ပိတ်နေတယ်လို့ ခံစားနေရပြီလား။

စိတ်ထွက်ပေါက်ရှာရင်း မိမိကိုယ်ကို အဆုံးစီရင်ဖို့ အတွေးတွေ တွေးနေမိပြီလား။

Jue Jue's Safe Space က 24/7 ၂၄နာရီလုံးဖွင့်ထားပြီး ကူညီနေတဲ့ Suicide Helpline နဲ့ မိတ်ဆက်ပေးပါရစေ။

Suicide Helpline က ဆိုရင်တော့ မိမိကိုယ်ကို အဆုံးစီရင်ဖို့ တွေးတောကြံစည်နေမိသူတွေအတွက် Safe Space တစ်ခုဖန်တီးထားခြင်းပဲဖြစ်ပါတယ်။ Suicide Helpline ကို အကူအညီလာတောင်းသူတွေကို ဖုန်းဆက်ပြီး စိတ်ကျန်းမာရေးဆိုင်ရာ ကနဦးအထောက်အပံ့ပေးခြင်းဖြင့် အကူအညီများပေးနေတာဖြစ်ပါတယ်။

မိမိကိုယ်ကို အဆုံးစီရင်လိုစိတ်နဲ့ ပတ်သတ်ပြီးအကူအညီတွေ ရယူလိုတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာလဲ စိတ်ပိုင်းဆိုင်ရာအရ အကူအညီလိုအပ်တယ်ဆိုရင်Jue Jue's Safe Space ရဲ့ page messenger ကိုလာရောက်ပြီး အကူအညီ ရယူလိုတဲ့ ခလုတ်ကိုနှိပ်လိုက်ပြီး ကျလာမယ့် မေးခွန်း ၇ခုကို ဖြေထားခြင်းအားဖြင့် မိမိကို အကူအညီပေးနိုင်မယ့် ခွင့်ပြုချက်ကို ပေးပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။

အဲ့ဒီအခါမှ ကျွန်မတို့ volunteer တွေက Telegram ကနေ ဖုန်းခေါ်ဆိုပြီး နားထောင်၊ အကူအညီပေးနိုင်မှာဖြစ်ပါတယ်။

မိမိကိုယ်ကို အဆုံးစီရင်လိုတဲ့အတွေးတွေ ဝင်နေပြီဆိုရင် အကူအညီလိုအပ်နေပြီလို့ ခံစားရပြီဆိုရင် ကျွန်မတို့ Jue Jue's Safe Space ရှိနေပါတယ်။

Suicide Helpline က ၂၄ နာရီ ၇ရက် အချိန်ပြည့် ဝန်ဆောင်မှုပေးနေတာကြောင့် တယောက်တည်းကြိပ်ပြီးခံစားမဲ့အစား Suicide Helpline မှာအကူအညီတောင်းခံဖို့ဖိတ်ခေါ်ရပါရစေ။

မွန်းကြပ်မှုတွေသက်သာဖို့ PSS မှာရင်ဖွင့်စို့!

စိတ်ဓာတ်ကျပြီး မွန်းကြပ်နေတယ်လို့ ခံစားနေရပါသလား။

နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေးတွေရဲ့ ဖိအားတွေကြောင့် စိတ်ညစ်နေရလား။

ဒီလိုမျိုးတွေခံစားနေရတာတောင် မိမိပတ်ဝန်းကျင်မှာ ရင်ဖွင့်ပြောပြမဲ့ လူမရှိဘူးဖြစ်နေလား?

Jue Jue’s Safe Space ရဲ့ ၂၄နာရီ ဝန်ဆောင်မှု Helpline တစ်ခုဖြစ်တဲ့ PSS Helpline မှာ အခုပဲ ရင်ဖွင့် ပြောဆိုနိုင်ပါပြီ။

PSS Helpline ကဆိုရင် မြန်မာနိုင်ငံရဲ့ အဖက်ဖက်က ရိုက်ခတ်မှုတွေခက်ခဲထဲတဲ့ ကြားက ကြိုးစားရှင် သန်နေကြရတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားလူမျိုးပေါင်းစုံအတွက် ရင်ဖွင့်တိုင်ပင်ဆွေးနွေးလို့ရတဲ့ လုံခြုံတဲ့နေရာလေး တစ်ခုအဖြစ်ဖန်တီးထားပါတယ်။

ရင်ဖွင့်ပြောဆိုဖို့အတွက် နားထောင်ပေးဖို့ လုံခြုံနွေးထွေးတဲ့နေရာလေးတစ်ခုလိုအပ်သူတိုင်း ၊​ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ပိုင်းဆိုင်ရာအရ အကူအညီလိုအပ်တဲ့ လူတွေတိုင်းအတွက် Jue Jue's Safe Space ရဲ့ page messenger ကိုလာရောက်ပြီး အကူအညီရယူလိုတဲ့ အကြောင်းပြောလိုက်တာနဲ့ မိမိကို အကူအညီပေးနိုင်မယ့် ခွင့်ပြုချက်ကို ပေးပြီးသားဖြစ်သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီအခါမှ ကျွန်မတို့ volunteer တွေက Telegram ကနေ ဖုန်းခေါ်ဆိုပြီး နားထောင်၊ အကူအညီပေးနိုင်မှာဖြစ်ပါတယ်။

နားထောင်ပေးမဲ့ ကျွန်မတို့ Volunteer တွေကဆိုရင်လည်း Jue Jue’s Safe Space အဖွဲ့အစည်းရဲ့ လိုင်စင်ရဆရာမကိုယ်တိုင်က အမေရိကန်အသိအမှတ်ပြု သင်ရိုးညွှန်းတန်းများဖြင့် သင်ကြားထားတဲ့ သင်တန်းပြီးမြောက်အောင်မြင်ထားပြီးသော အရည်အချင်းပြည့်မှီတဲ့ Volunteer များဖြစ်လို့ မိမိရဲ့ အကြောင်းအရာများကိုပေါက်ကြားမှာမဟုတ်ပဲ လုံခြုံစွာထိန်းသိမ်းထားပေးမှာဖြစ် ပါတယ်။

PSS Helpline က ၂၄ နာရီ ၇ရက် အချိန်ပြည့် ဝန်ဆောင်မှုပေးနေတာကြောင့် တစ်ယောက်တည်း ကျိတ်ပြီးခံစားမဲ့အစား ကျွန်မတို့ အဖွဲ့အစည်းရဲ့ PSS Helpline လာရောက် မှာအကူအညီတောင်း ခံဖို့ဖိတ်ခေါ်ရပါရစေ။

လက်ရှိမှာ ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ မြေငလျင်သဘာဝ ဘေးအန္တရာယ်တွေကြောင့် စိတ်ဓာတ်ကျပြီး မွန်းကြပ်နေတယ်လို့ ခံစားနေရပါသလား။

မိသားစုတွေ၊ ချစ်ခင်ရတဲ့သူတွေအတွက် အဘက်ဘက်က စိုးရိမ်ပူပန်နေရပါသလား။

သူများသာကူပေးရမယ့် ကိုယ်တိုင်လည်းမနည်းရုန်းကန်နေရသလား။အခုလိုတွေခံစားနေရတာကို လုံခြုံစိတ်ချရတဲ့သူတစ်ယောက်ယောက်ဆီ ရင်ဖွင့်ပြောဆိုချင်ပါသလား။

အခုလို ပူပန်မွန်းကြပ်မှုတွေကို ခံစားနေရသူတွေအတွက် ကျွန်မတို့ Jue’s Safe Space ရဲ့ Helpline တစ်ခုဖြစ်တဲ့ Disaster Distress Helpline က ၂၄နာရီ အမြဲအသင့်ရှိနေပါတယ်။

ဒီ Helpline ဟာဆိုရင် မြန်မာနိုင်ငံရဲ့ အဖက်ဖက်က ရိုက်ခတ်မှုတွေခက်ခဲတဲ့ကြားမှ ကြိုးစားရှင်သန်နေကြရတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားလူမျိုးပေါင်းစုံအတွက် ရင်ဖွင့်တိုင်ပင်ဆွေးနွေးလို့ရတဲ့ လုံခြုံတဲ့နေရာလေး တစ်ခုအဖြစ်ဖန်တီးထားပါတယ်။

ရင်ဖွင့်ပြောဆိုဖို့အတွက် နားထောင်ပေးဖို့ လုံခြုံနွေးထွေးတဲ့နေရာလေးတစ်ခုလိုအပ်သူတိုင်း ၊ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ပိုင်းဆိုင်ရာအရ အကူအညီလိုအပ်တဲ့ လူတွေတိုင်းအတွက် Jue Jue's Safe Space ရဲ့ page messenger ကိုလာရောက်ပြီး အကူအညီရယူလိုတဲ့ အကြောင်းပြောလိုက်တာနဲ့ မိမိကို အကူအညီပေးနိုင်မယ့် ခွင့်ပြုချက်ကို ပေးပြီးသားဖြစ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီအခါမှ ကျွန်မတို့ volunteer တွေက Telegram ကနေ ဖုန်းခေါ်ဆိုပြီး နားထောင်၊ အကူအညီပေးနိုင်မှာဖြစ်ပါတယ်။

နားထောင်ပေးမဲ့ ကျွန်မတို့ Volunteer တွေကဆိုရင်လည်း Jue Jue’s Safe Space အဖွဲ့အစည်းရဲ့ လိုင်စင်ရဆရာမကိုယ်တိုင်က အမေရိကန်အသိအမှတ်ပြု သင်ရိုးညွှန်းတန်းများဖြင့် သင်ကြားထားတဲ့ သင်တန်းပြီးမြောက်အောင်မြင်ထားပြီးသော အရည်အချင်းပြည့်မှီတဲ့ Volunteer များဖြစ်လို့ မိမိရဲ့ အကြောင်းအရာများကိုပေါက်ကြားမှာမဟုတ်ပဲ လုံခြုံစွာထိန်းသိမ်းထားပေးမှာဖြစ် ပါတယ်။

Helpline က ၂၄ နာရီ ၇ရက် အချိန်ပြည့် ဝန်ဆောင်မှုပေးနေတာကြောင့် တစ်ယောက်တည်း ကျိတ်ပြီးခံစားနေမယ့်အစား ကျွန်မတို့ အဖွဲ့အစည်းရဲ့ Helpline မှာလာရောက်အကူအညီတောင်းခံဖို့ဖိတ်ခေါ်ပါရစေ။

သင်၏အလှူ အသက်ကိုကူ

လူကြီးမင်း၏ လှူဒါန်းမှုများအား အရေးပေါ် လူသားချင်းစာနာထောက်ပံ့မှုဆိုင်ရာ အကူအညီများနဲ့ ကယ်ဆယ်ရေးသမားများရဲ့ စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှုများအတွက် ပေးပို့ကူညီသွားမှာဖြစ်ပါတယ်။

မတ်လ ၂၈ ရက်နေ့တုန်းက စစ်ကိုင်းမြို့ကနေ ၁၂ ကီလိုမီတာ ဝေးတဲ့နေရာကို ဗဟိုပြုပြီး ၊ ပြင်အား ၇.၇ ရှိတဲ့ ငလျင်ကြီး တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ စစ်ကိုင်း ၊ မန္တလေး ၊ နေပြည်တော် ၊ ပြည် ၊ အမရပူရ ၊ တောင်ကြီး နဲ့ ရန်ကုန် အပါအဝင် နေရာဒေသ တော်တော်များများမှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပြီးတော့ ကျေးရွာ ၊ မြို့နဲ့ လူနေအိမ်တွေ အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြရပါတယ်။ လက်ရှိအချိန်အထိ ရရှိထားတဲ့ အချက်အလက်တွေအရ လူပေါင်း ၁,၆၄၄ ဦးသေဆုံး ၊ ၃,၄၀၈ ဦး ဒဏ်ရာရ ၊ ၁၃၉ ဦး ပျောက်ဆုံးနေတာ ဖြစ်ပြီး မိသားစုတွေလည်း အိမ်ခြေယာမဲ့တွေ ဖြစ်ကုန်ကြရပါတယ်။

ဒါ့ကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်ဖို့နဲ့ အစာရေစာ ၊ ရေသန့် ၊ ဆေးဝါးတွေ ကို အပူတပြင်း လိုအပ်နေကြပါတယ်။ ဒီအတွက် ကျွန်မတို့ Jue Jue’s Safe Space မှာ ပါဝင်ကူညီ လှူဒါန်း ခြင်းအားဖြင့် လိုအပ်တဲ့နေရာတွေကို အလျင်အမြန် အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့ Jue Jue's Safe Space ကယုံကြည်ရတဲ့ ဒေသခံအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး နာရီပိုင်းအတွင်းမှာပဲ အကူအညီတွေကို ရောက်ရှိအောင် ဆောင်ရွက်ပေးနေပါတယ်။

ထို့အပြင် မြေငလျင်သဘာဝ ဘေးအန္တရာယ်တွေကြောင့် ပူပန်မွန်းကြပ်မှုတွေကို ခံစားနေရသူတွေအတွက် ကျွန်မတို့ Jues Safe Space ရဲ့ Helpline တစ်ခုဖြစ်တဲ့ Disaster Distress Helpline က ၂၄နာရီ အမြဲအသင့်ရှိနေပါတယ်။ ဒီ Helpline ဟာဆိုရင် မြန်မာနိုင်ငံရဲ့ အဖက်ဖက်က ရိုက်ခတ်မှုတွေ ခက်ခဲတဲ့ကြားမှ ကြိုးစားရှင်သန်နေကြရတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားလူမျိုးပေါင်း စုံအတွက် ရင်ဖွင့်တိုင်ပင်ဆွေးနွေးလို့ရတဲ့ လုံခြုံတဲ့နေရာလေး တစ်ခုအဖြစ်ဖန်တီးထားပါတယ်။ 

ရင်ဖွင့်ပြောဆိုဖို့အတွက် နားထောင်ပေးဖို့ လုံခြုံနွေးထွေးတဲ့နေရာလေးတစ်ခု လိုအပ်သူတိုင်း ၊ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ပိုင်းဆိုင်ရာအရ အကူအညီလိုအပ်တဲ့ လူတွေတိုင်းအတွက် Jue Jue's Safe Space ရဲ့ page messenger ကိုလာရောက်ပြီး အကူအညီရယူလိုတဲ့ အကြောင်းပြောလိုက်တာနဲ့ မိမိကို အကူအညီပေးနိုင်မယ့် ခွင့်ပြုချက်ကို ပေးပြီးသားဖြစ်သွားမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မိတ်ဆွေ အနေနဲ့ ပါဝင်ခြင်းက အလှူသက်သက်ကြီးပဲ မဟုတ်ပါဘူး ၊ ဒါဟာ မြန်မာပြည်သူပြည်သားတွေရဲ့ သတ္တိရှိမှုနဲ့ စည်းလုံးခြင်း ကို ထောက်ခံခြင်းပါပဲ။ ကျွန်မတို့ မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ မျှော်လင့်ချက် တစ်မျှင်ကို ကျွန်မတို့တွေရဲ့ ပံ့ပိုးမှုနဲ့ ဆုပ်ကိုင်ခွင့်ပေးလို့ရနေပါပြီ။ ဒါ့ကြောင့် အခုပဲ အုတ်တချပ်သဲတစ်ပွင့်အနေနဲ့ ပါဝင်ဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင့်။

Free Weekly Support Group

အခက်ခဲဆုံးကာလမှာ စိတ်ဖိစီးမွန်းကြပ်မှုများကိုခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ရင်ဖွင့်တိုင်ပင်ဆွေးနွေးဖို့ လုံခြုံတဲ့ Safe Space လေးကို ပြုလုပ်ပေးလျက်ရှိပါတယ်။ လူသားချင်းဆိုင်ရာထောက်ပံ့မှုများ ဖြတ်တောက်ခံရခြင်းကြောင့် ငွေကြေး၊ စားနပ်ရိက္ခာ၊ ဆေးဝါးစတဲ့အရာတွေ လောက်ငှမှုမရှိတော့ခြင်း၊ လူသားအကျိုးပြုလုပ်ငန်းတွေမှာ ကူညီဆောင်ရွက်နေတဲ့ လူမှုဝန်ထမ်းတွေရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲပင်ပန်းမှုများ၊ အခက်အခဲများကြား ရုန်းကန်နေရသူများအား အကူအညီပေးခြင်းနဲ့ ဒေသတွင်းက အခြားစိတ်ကျန်းမာရေး အကျပ်အတည်းတွေအကြောင်း ဆွေးနွေးမှုတွေကို ပြုလုပ်ပေးလျက်ရှိပါတယ်။

Weekly support group offers discussion around stress management, devastating effect of humanitarian aid, providing support for floating survivors and other mental health crisis in the community.

Care Letter for Earthquake Survivors

 
ငလျင်ဘေးက လွတ်မြောက်လာသူတွေနဲ့ ကယ်ဆယ်ရေးသမားတွေကို ဘယ်လိုအားပေးစကား ပြောချင်လဲ?
အခုအချိန်မှာ ကျွန်မတို့မြန်မာပြည်သူတွေဟာ ဘေးဒုက္ခတွေကြောင့် အပူမီးတွေ တောက်လောင်နေကြပါတယ်။ တချို့တွေက အိမ်တွေ ဆုံးရှုံးတယ်၊ တချို့တွေက ထိခိုက်ဒဏ်ရာရတယ်၊ တချို့တွေက ချစ်ရတဲ့ မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းတွေကို ဆုံးရှုံးကြရတယ်။ ဒီလိုအသက်လုပြီးခက်ခဲနေတဲ့အချိန်ကို ကျော်လွှားနိုင်ဖို့ ကျွန်မတို့ ပြည်သူတွေ အတူတူလက်တွဲ ရင်ဆိုင်ကျော်လွှားကြဖို့ လိုအပ်ပါတယ်။
ဒီလိုအခက်အခဲတွေကြားက ဝမ်းနည်းအားငယ်နေသူတွေကို ကျွန်မတို့ရင်ထဲကလာတဲ့ နွေးထွေးတဲ့၊ ခွန်‌အားပေးတဲ့စကားတွေပြောပေးရင်း အတူတူရှိနေကြောင်း ပြသလို့ရပါတယ်။
ငလျင်ဘေးဒဏ်ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့ခဲ့ရသူတွေနဲ့ အသက်စွန့်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကြိုးစားလုပ်ဆောင်နေတဲ့ ပရဟိတသမားတွေဆီ မေတ္တာခွန်အားပေးတဲ့ စာလေးတွေ မြေပြင်အထိသွားနေတဲ့ ကျမတို့Jue Jue's Safe Space က အဖွဲ့များမှတဆင့် ကူညီပေးသွားမှာပါ။
ငလျင်ဘေးသင့်ပြည်သူများရဲ့ ဝမ်းနည်းပူဆွေးမှုများကို ရင်ဖွင့်ဆွေးနွေးဖို့အတွက် Disaster Distress Helpline ကို ဖွင့်လှစ်ပြီးလည်း (၂၄) နာရီပတ်လုံး အခမဲ့ ကူညီပေးနေပါတယ်။ ခွန်အားပေးမေတ္တာစာလေးတွေ ကိုလည်း မြေပြင်မှာရှိတဲ့ ငလျင်ဘေးသင့်ပြည်သူတွေနဲ့ ကယ်ဆယ်ရေးသမားတွေဆီ သွားရောက် ပေးပို့မယ့် Care Letter Campaign for Myanmar Earthquake Survivors Campaign လေးကို ပြုလုပ်သွားမှာဖြစ်လို့ ကျွန်မတို့နဲ့တူတူ ခွန်အားပေးစာလေးတွေ ရေးကြရအောင်ပါ။
မေတ္တာစာပေးပို့ခြင်းကမ်ပိန်း”အစီအစဉ်က ၂၀၂၅၊ ဧပြီ ၃ ရက်ကနေ ၂၅ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။
စာရေးသားပေးပို့ဖို့ ဘာတွေလိုအပ်လဲ 📄🖊️
ဘယ်သူမဆို ရေးသားပေးပို့လို့ရပါတယ်။
နာမည်နဲ့တကွ ဖော်ပြလို့ရသလို အမည်မဖော်လိုသူတွေအနေနဲ့ Anonymous အဖြစ် ပေးပို့လို့ရပါတယ်။
စာရွက်ပေါ်မှာ လက်ရေးနဲ့ရေးပြီး ဓာတ်ပုံရိုက်ပို့ပေးလို့ရသလို Document file အဖြစ်နဲ့ ပေးပို့လို့ရပါတယ်။
စာပေးပို့ရမယ့်လိပ်စာကတော့ [email protected] သို့်မဟုတ် Jue Jue's Safe Space Page Messenger ကို လာမယ့် ဧပြီ ၃ ရက်ကနေ ၂၅ ရက်အထိ ရေးသားပေးပို့လို့ရပါတယ်ရှင်
my_MMMyanmar