အားလုံးပဲ မင်္ဂလာပါရှင်။
ဒီအပတ်ရဲ့ Friday Live အစီအစဥ်လေးမှာတော့ “Understanding Men With Trauma : အမျိုးသားများရဲ့စိတ်ဒဏ်ရာကို နားလည်ခြင်း” ဆိုတဲ့ အကြောင်းအရာလေးကို ကျွန်မတို့ ရဲ့ Friday LIVE Host ဆရာမ Moe Thae နဲ့အတူ ဆရာ Yan Naung (Lay Counselor, Mental Health Provider) တို့က ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။
ဒီတစ်ခေါက် ကျွန်မတို့ရဲ့ Friday LIVE Programကို Jue Jue’s Safe Space ရဲ့ Youtube Channel မှာပြုလုပ်သွားမှာဖြစ်လို့ Subscribe မလုပ်ရသေးရင် အခုပဲလုပ်ထားလိုက်ဖို့ မမေ့ပါနဲ့ရှင်။
ကျွန်မတို့လူ့အသိုင်းအဝိုင်း အထူးသဖြင့် အာရှသားတွေရဲ့ ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာအရ အမျိုးသားတွေဟာ အမျိုးသမီးတွေထက်ပိုပြီး သာလွန်တယ်၊ အမျိုးသားတွေက အမျိုးသမီးတွေလို စိတ်ခံစားချက်တွေကို အလွယ်ထုတ်မပြရဘူး၊ အမျိုးသားတစ်ယောက်အနေနဲ့ ပျော့ညံ့လို့မဖြစ်ဘူး၊ အမျိုးသားတွေဟာ ဝမ်းနည်းမှုမရှိရဘူး၊ စတဲ့အတွေးအခေါ်တွေကို ငယ်စဉ်ကတည်းက ရိုက်သွင်းခံထားရတာ များပါတယ်။
 
ဒါကြောင့် ဒီတစ်ပတ်ရဲ့ Friday Live အစီအစဉ်လေးမှာ အမျိုးသားတွေမှာရော ခံစားချက်ထုတ်ဖော်ခွင့်မရှိဘူးလား၊ အမျိုးသားတွေမှာ စိတ်ဒဏ်ရာရှိတတ်လား၊ အမျိုးသားတွေက စိတ်ခံစားမှုတွေကို ဘယ်လိုနည်းနဲ့ ပြသတတ်ကြလဲ ဆိုတဲ့အကြောင်းအရာလေးတွေ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
 
ဒါကြောင့် Jue Jue’s Safe Space ရဲ့ ပရိသတ်တွေအနေနဲ့လည်း“Understanding Men With Trauma : အမျိုးသားများရဲ့စိတ်ဒဏ်ရာကို နားလည်ခြင်း”အစီအစဉ်လေးမှာ သိချင်တာ မေးမြန်းချင်တာ ရှိရင် ပါဝင်ဆွေးနွေးဖို့ မေးခွန်းလေးတွေ ပို့ထားလို့ ရသလို ကိုယ်တိုင်စောင့်ကြည့် ဝင်ရောက်ဆွေးနွေးဖို့လည်း အားလုံးကို ဖိတ်ခေါ်ပါတယ်။
Live မှာ ပါဝင်ဆွေးနွေးပေးသွားမယ့်သူတွေကတော့ ဆရာဝန်တစ်ဦးလည်း ဖြစ်သလို Lay Counselor တစ်ဦးဖြစ်တဲ့ Mental Health Provider Dr. Yan Naung နဲ့ Jue Jue’s Safe Space က သင်တန်းဆရာမ တစ်ဦးဖြစ်တဲ့ ဆရာမ Moe Thae တို့က ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
 
ရက်စွဲ : ၁၃.၆.၂၀၂၅ (သောကြာနေ့)
အချိန် : ညရှစ်နာရီ (မြန်မာစံတော်ချိန်)
Live ပြုလုပ်မည့်နေရာ – Jue Jue’s Safe Space Youtube Channel 
 
မေးမြန်းချင်တာတွေ ၊ သိလိုတာတွေရှိရင် comment မှာရေးပေးလို့ရသလို Chat Box မှာလည်း ကြိုတင်မေးခွန်းများပို့ကာ မေးမြန်းထားနိုင်ပါတယ်။
ဧပြီ 20, 2025

ငါ မယုံနိုင်ဘူး

ကိုယ်ချစ်ရသူတွေကိုဆုံးရှုံးလိုက်ရတာ အိမ်မက်သာဖြစ်လိုက်ပါတော့လို့ တွေးမိနေလား။ လွန်ခဲ့တဲ့ရက်ပိုင်းက မမျှော်လင့်ဘဲ ရုတ်ချည်းဖြစ်ပေါ်ခဲ့တဲ့သဘာဝဘေးအန္တရာယ်ဆိုးကြီးဖြစ်တဲ့ ငလျင်ကြောင့်

ဧပြီ 5, 2025

သတိထားစောင့်ကြည့်စရာ Secondary Trauma

Secondary trauma လို့ အများကခေါ်ဆိုကြတဲ့ "secondary traumatic

မတ် 24, 2025

မတုန်လှုပ်ပါနဲ့

မတုန်လှုပ်ပါနဲ့ "ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံယဿ န ကမ္ပတိ"

မတ် 21, 2025

Geopolitical Aspects of Asia Related Myanmar

Geopolitical Aspects of Asia Related Myanmar

မတ် 17, 2025

စိတ်ကြောင့်ဖြစ်တဲ့ ဝေဒနာ သို့မဟုတ် Psychosomatic Disorder အကြောင်း

‘စိတ်ထောင်းတော့ ကိုယ်ကြေ’ ဆိုတဲ့စကား ကြားဖူးကြမှာပါ။ သင့်ရဲ့ စိတ်ခံစားမှုနဲ့

my_MMMyanmar