Jue Jue’s Safe Space မှာ လာမယ့် March လ 23rd, 24th နှင့် 25th 2024 ရက်များတွင် ပြုလုပ်မည့် Medical Trauma Level (3) အတွက် မကြာခင်သင်တန်းလေးစတော့မှာဖြစ်လို့ စာရင်းပေးသွင်းနိုင်ရန် Remind လေးပြန်လုပ်လိုက်ပါတယ်ရှင့်။

ကျန်းမာရေးအထောက်အပံ့ပေးနေရသူများဖြစ်တဲ့ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံဆေးခန်းတွင် တာဝန်ယူလုပ်ကိုင်နေသူများ


နာတာရှည်ကျန်းမာရေးအခက်အခဲရှိသူများကို အနီးကပ်ပြုစုနေရသူများ


နာတာရှည်ကျန်းမာရေးအခက်အခဲရှိသူများကို စိတ်ကျန်းမာရေးအထောက်အပံ့ပေးနေရသူ therapists or psychiatrists များ


ဆေးကုသမှုအမြဲခံယူနေရသူများကို ပိုမိုထိရောက်မှုရှိသော အထောက်အပံ့ပေးလိုသူများ


ဆေးကုသမှုပိုင်းဆိုင်ရာတွင် Emergency သို့မဟုတ် စိတ်အဆင်မပြေမှုများခံစားဖူးသူများ


လူနာနှင့် အနီးကပ်ပြုစုနေရ၍ လူနာရဲ့ လူအပ်ချက်များကိုပိုမိုနားလည်လာချင်သူများ


ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းတွင်း လုပ်ကိုင်နေသူများ


ဝန်ထမ်းများ၊ လူနာများနှင့် ပိုမိုထိရောက်သော အကျိုးရလာဒ်ရှိစေရန် ဆေးပညာရပ်နှင့် ဆေးဘက်ဆိုင်ရာပညာရပ်များကို လေ့လာနေသူများ


လူမှုလုပ်ငန်းများတွင် ကျန်းမာရေးဆိုင်ရာအထောက်အပံ့ပေးနေသူများအနေနှင့် တက်ရောက်ဖို့ရန် ဖိတ်ခေါ်ပါတယ်။
Jue Jue’s Safe Space ရဲ့ Founder၊ လက်ရှိမှာ University of Hawaii မှာ Lecturer တစ်ဦးလည်း ဖြစ်သူ၊ Hawaii က Queens’ Medical Centre ရဲ့ နှလုံးအတွင်းလူနာဌာနမှာ Social Worker တစ်ယောက်အနေနှင့် လုပ်ကိုင်နေသူ ဆရာမ ဂျူးဂျူးမင်းသူနှင့်အတူ ဆရာဝန်တစ်ဦးက ဦးစီးသင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒီဆရာမနှစ်ယောက်ရဲ့ ဆေးပညာနယ်ပယ်မှာ စိတ်ကျန်းမာရေးပညာရှင်တစ်ယောက်အနေနဲ့ လုပ်ငန်းခွင်အတွေ့အကြုံများနှင့် စပ်လျဥ်းပြီး ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

သင်တန်းနေ့ရက်နှင့် အချိန်
Date : March 23rd, 24th and 25th, 2024
Time : 9:30 AM to 1:30 PM
Location : Zoom