အားလုံးပဲ မင်္ဂလာပါရှင်။
ဒီအပတ်ရဲ့ Friday Live အစီအစဥ်လေးမှာတော့ “Let’s Go To School – ကျောင်းဖွင့်ချိန်“ ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး ကျမတို့ Jue Jue’s Safe Space က သင်တန်းဆရာမ Moe Thae နဲ့ Founder at Nway Oo Che & Minority Right Defenders ဖြစ်တဲ့ Nicolas Thant တို့က ဆွေးနွေးမျှဝေသွားမှာ ဖြစ်ပါတယ်။
 
ဒီတစ်ခေါက် ကျွန်မတို့ရဲ့ Friday LIVE Programကို Jue Jue’s Safe Space ရဲ့ Youtube Channel မှာပြုလုပ်သွားမှာဖြစ်လို့ Subscribe မလုပ်ရသေးရင် အခုပဲလုပ်ထားလိုက်ဖို့ မမေ့ပါနဲ့နော်။
ဇွန်လမှာ မြန်မာနိုင်ငံမှာ ကျောင်းတွေ ပြန်ဖွင့်မှာ ဖြစ်ပြီး ကျောင်းဖွင့်ချိန်ရာသီတစ်ခုလည်း ဖြစ်ပါတယ်။ ကျောင်းဖွင့်ချိန်မှာ တချို့ကျောင်းသားတွေ ပျော်ရွှင်ကြပေမဲ့ တချို့ကျောင်းသားတွေက ကျောင်းတက်ရမှာကို မပျော်နိုင်ကြပါဘူး။ ဘာလို့ ကျောင်းဖွင့်ချိန်ကို ကျောင်းသားတွေ ပျော်ရွှင်ကြတာလဲ၊ တချို့ကရော ဘာလို့ မပျော်နိုင်ကြတာလဲ၊ ကျောင်းတွေမှာ ဖြစ်တတ်တဲ့ ကျောင်းတွင်းအကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံခံရမှုတွေဆိုတာ ဘာကိုခေါ်လာတဲ့၊ ကျောင်းသားတွေနဲ့ မိဘတွေရဲ့မျှော်လင့်ချက်က ဘာတွေ ဖြစ်မလဲဆိုတဲ့ အကြောင်းအရာလေးတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
 
Jue Jue’s Safe Space ရဲ့ ပရိသတ်တွေအနေနဲ့လည်း ကျောင်းဖွင့်ချိန်နဲ့ပတ်သတ်ပြီး သိချင်တာ ၊ မေးမြန်းချင်တာ ၊ ထည့်သွင်းပြောဆိုချင်တဲ့စကားတွေရှိနေရင် မေးခွန်းတွေ ပို့ထားလို့ ရသလို ကိုယ်တိုင်စောင့်ကြည့် ဝင်ရောက်ဆွေးနွေးဖို့လည်း အားလုံးကို ဖိတ်ခေါ်ပါတယ်။
 
ရက်စွဲ :၃၀.၅.၂၀၂၅ (သောကြာနေ့)
အချိန် : ညရှစ်နာရီ (မြန်မာစံတော်ချိန်)
Live ပြုလုပ်မည့်နေရာ – Jue Jue’s Safe Space Youtube Channel
မေးမြန်းချင်တာတွေ ၊ သိလိုတာတွေရှိရင် comment မှာရေးပေးလို့ရသလို Chat Box မှာလည်း ကြိုတင်မေးခွန်းများပို့ကာ မေးမြန်းထားနိုင်ပါတယ်။
 
 

​Jue Jue’s Safe Space ၏ ရည်မှန်းချက်မှာ မြန်မာပြည်ဖွားတိုင်းရင်းသား တစ်ဦးချင်းစီတိုင်း၏ ရင်တွင်းငြိမ်းချမ်းရေး ကိုရှာဖွေဖော်ထုတ်ခြင်းမှ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရန် ဖြစ်ပါတယ်။ ​

ဧပြီ 20, 2025

ငါ မယုံနိုင်ဘူး

ကိုယ်ချစ်ရသူတွေကိုဆုံးရှုံးလိုက်ရတာ အိမ်မက်သာဖြစ်လိုက်ပါတော့လို့ တွေးမိနေလား။ လွန်ခဲ့တဲ့ရက်ပိုင်းက မမျှော်လင့်ဘဲ ရုတ်ချည်းဖြစ်ပေါ်ခဲ့တဲ့သဘာဝဘေးအန္တရာယ်ဆိုးကြီးဖြစ်တဲ့ ငလျင်ကြောင့်

ဧပြီ 5, 2025

သတိထားစောင့်ကြည့်စရာ Secondary Trauma

Secondary trauma လို့ အများကခေါ်ဆိုကြတဲ့ "secondary traumatic

မတ် 24, 2025

မတုန်လှုပ်ပါနဲ့

မတုန်လှုပ်ပါနဲ့ "ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံယဿ န ကမ္ပတိ"

မတ် 21, 2025

Geopolitical Aspects of Asia Related Myanmar

Geopolitical Aspects of Asia Related Myanmar

မတ် 17, 2025

စိတ်ကြောင့်ဖြစ်တဲ့ ဝေဒနာ သို့မဟုတ် Psychosomatic Disorder အကြောင်း

‘စိတ်ထောင်းတော့ ကိုယ်ကြေ’ ဆိုတဲ့စကား ကြားဖူးကြမှာပါ။ သင့်ရဲ့ စိတ်ခံစားမှုနဲ့

my_MMMyanmar