အားလုံးပဲ မင်္ဂလာပါရှင်။
ဒီအပတ်ရဲ့ Friday Live အစီအစဥ်လေးမှာတော့ “Honoring the Pride Month – သက်တံများနဲ့ပတ်ဝန်းကျင်“ ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး ကျွန်မတို့ Jue Jue’s Safe Space က သင်တန်းဆရာမ Moe Thae နဲ့ Human Rights Defender, LGBTQIA++ Supporter တစ်ဦးဖြစ်တဲ့ Kitz R Aurelia တို့က ဆွေးနွေးမျှဝေသွားမှာ ဖြစ်ပါတယ်။
အပတ်စဉ်တင်ဆက်နေကြ ကျွန်မတို့ရဲ့ Friday LIVE Programကို Jue Jue’s Safe Space ရဲ့ Youtube Channel မှာပြုလုပ်သွားမှာဖြစ်လို့ Subscribe မလုပ်ရသေးရင် အခုပဲလုပ်ထားလိုက်ဖို့ မမေ့ပါနဲ့နော်။
ဇွန်လဟာ Pride Month ပါ ။ ၁၉၇၀ မှာစတင်ပြီး Pride Month အနေနဲ့ လူထုလမ်းလျှောက်ပွဲတွေ ကျင်းပပြီး လိင်စိတ်ကွဲပြားသူတွေရဲ့ ချစ်ခြင်းတရားနဲ့ လွတ်လပ်ခွင့်တွေကို အသိအမှတ်ပြုကြပါတယ်။ အမေရိကန်သမ္မတ Bill Clinton က ၁၉၉၉ မှာ Gay တွေနဲ့ Lesbian တွေကို အသိအမှတ်ပြုခဲ့ပြီးနောက်မှာ LGBTQIA++ ကွန်မြူနတီတခုလုံးအတွက် အသိအမှတ်ပြုတဲ့လအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
 
ဒီတပတ် Friday Live အစီအစဉ်လေးမှာ ထည့်သွင်းဆွေးနွေးသွားမယ့်အကြောင်းအရာတွေကတော့ Pride Month ဆိုတာ ဘာလဲ၊ Sex နဲ့ Gender ဘယ်လိုကွဲပြားလဲ၊ LGBTQIA++ ဆိုတာ ဘာလဲ ၊ LGBT Community ဆိုတာ အားနည်းသူတွေ မဟုတ်ကြောင်း အသိအမှတ်ပြုမိကြလား နဲ့ come out လုပ်သူတစ်ယောက်ရဲ့အခက်အခဲတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင်။
 
Jue Jue’s Safe Space ရဲ့ ပရိသတ်တွေအနေနဲ့လည်း Pride Month / LGBTQIA++ အသိုင်းအဝိုင်းနဲ့ပတ်သတ်ပြီး သိချင်တာ ၊ မေးမြန်းချင်တာ ၊ ထည့်သွင်းပြောဆိုချင်တဲ့စကားတွေရှိနေရင် မေးခွန်းတွေ ပို့ထားလို့ ရသလို ကိုယ်တိုင်စောင့်ကြည့် ဝင်ရောက်ဆွေးနွေးဖို့လည်း အားလုံးကို ဖိတ်ခေါ်ပါတယ်။
 
LIve ပြုလုပ်သွားမှာကတော့
ရက်စွဲ : ၆.၆.၂၀၂၅ (သောကြာနေ့)
အချိန် : ညရှစ်နာရီ (မြန်မာစံတော်ချိန်)
 

Live ပြုလုပ်မည့်နေရာ – Jue Jue’s Safe Space Youtube Channel  မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

မေးမြန်းချင်တာတွေ ၊ သိလိုတာတွေရှိရင် comment မှာရေးပေးလို့ရသလို Chat Box မှာလည်း ကြိုတင်မေးခွန်းများပို့ကာ မေးမြန်းထားနိုင်ပါတယ်။
 
ဧပြီ 20, 2025

ငါ မယုံနိုင်ဘူး

ကိုယ်ချစ်ရသူတွေကိုဆုံးရှုံးလိုက်ရတာ အိမ်မက်သာဖြစ်လိုက်ပါတော့လို့ တွေးမိနေလား။ လွန်ခဲ့တဲ့ရက်ပိုင်းက မမျှော်လင့်ဘဲ ရုတ်ချည်းဖြစ်ပေါ်ခဲ့တဲ့သဘာဝဘေးအန္တရာယ်ဆိုးကြီးဖြစ်တဲ့ ငလျင်ကြောင့်

ဧပြီ 5, 2025

သတိထားစောင့်ကြည့်စရာ Secondary Trauma

Secondary trauma လို့ အများကခေါ်ဆိုကြတဲ့ "secondary traumatic

မတ် 24, 2025

မတုန်လှုပ်ပါနဲ့

မတုန်လှုပ်ပါနဲ့ "ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံယဿ န ကမ္ပတိ"

မတ် 21, 2025

Geopolitical Aspects of Asia Related Myanmar

Geopolitical Aspects of Asia Related Myanmar

မတ် 17, 2025

စိတ်ကြောင့်ဖြစ်တဲ့ ဝေဒနာ သို့မဟုတ် Psychosomatic Disorder အကြောင်း

‘စိတ်ထောင်းတော့ ကိုယ်ကြေ’ ဆိုတဲ့စကား ကြားဖူးကြမှာပါ။ သင့်ရဲ့ စိတ်ခံစားမှုနဲ့

my_MMMyanmar