အားလုံးပဲ မင်္ဂလာပါရှင့်
 
Jue Jue’s Safe Space နဲ့ Wildflowers Community Support Centre တို့ ပူးပေါင်းပြီး Tea Talk – လက်ဖက်စကားအစီအစဉ်လေးကို ဒီတစ်ပတ်မှာတော့ စနေနေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
 
ရှေးမြန်မာလူမျိုးတွေရဲ့ နွေးထွေးတဲ့ ဓလေ့ထုံးတမ်း လက်ဖက်ရည်ကြမ်းစကားဝိုင်းလေးတွေကို မှီငြမ်းထားတဲ့ ကျွန်မတို့ရဲ့ လက်ဖက်စကားဝိုင်းမှာဆိုရင်လည်း မဲဆောက်နေ မြန်မာညီကိုမောင်နှမများ လူကိုယ်တိုင်တက်ရောက်ကြပြီး စိတ်ခံစားချက်တွေကို မျှဝေမယ်၊ အချင်းချင်းအားပေးမယ်၊ အချက်အလက်တွေကို မျှဝေမယ်၊ ပြီးတော့ တစ်ယောက်ကို တစ်ယောက်လက်တွဲကူပြီး ဒီစကားဝိုင်းကနေ တစ်ဆင့် နွေးထွေးလုံခြုံတဲ့ ရပ်ဝန်းကိုဖန်တီးနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်ရှင်။
 
ဒီတစ်ပတ် လက်ဖက်စကားမှာ အဓိကဆွေးနွေးမယ့်အကြောင်းအရာကတော့ “အမျိုးသားများနဲ့စိတ်ကျန်းမာရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ အမျိုးသားတွေဟာ မိသားစုကို ဦးဆောင်ထမ်းပိုးရသူတွေ ဖြစ်တဲ့အလျောက် စိတ်ခံစားချက်တွေကို သိုဝှက်ထားရလေ့ရှိပါတယ်။ ကျွန်မတို့လူမှုအသိုင်းအဝိုင်းမှာ ယောကျာ်းလေးတွေကို ငယ်ငယ်ကတည်းက “ယောကျာ်းဆိုတာ မငိုရဘူး” “ယောကျာ်းဆိုတာ နာရင်တောင် ထုတ်မညည်းရဘူး” “ယောကျာ်းဆိုတာ မိန်းမတွေထက် သာနေမှရမယ်” စသဖြင့် ခံစားချက်ကို ဖိနှိပ်ထားခိုင်းလေ့ရှိပါတယ်။ သားတွေကိုလည်း သမီးတွေလို ဂရုစိုက်ပေးရမှာဖြစ်သလို အမျိုးသားတွေကိုလည်း အမျိုးသမီးတွေလို စိတ်ခံစားရတဲ့အတိုင်း လွတ်လပ်စွာ ပြသခွင့်ပေးရမှာ ဖြစ်ပါတယ်။
 
“အမျိုးသားများနဲ့စိတ်ကျန်းမာရေး” ဆိုတဲ့ ခေါင်းစဉ်လေးတဲ့ အတူ ဆွေးနွေးကြမှာဖြစ်တဲ့အတွက် ကျွန်မတို့ရဲ့ လက်ဖက်စကားကို လာရောက်ပါဝင်ဖို့ ဖိတ်ခေါ်ပါရစေရှင်။
 
တက်ရောက်လာသူတွေအနေနဲ့ ဖော်ပြပါ link ကနေ တဆင့် စာရင်းပေးသွင်းလို့ရပြီဖြစ်ပါတယ်။ 
Registration Link: Click Here
နေရာကတော့ Wildflowers Early Learning Center မှာဖြစ်ပါတယ်။ 
အချိန်နဲ့နေ့ရက်ကတော့ (၇)ရက်နေ့ စနေနေ့၊ ထိုင်းစံတော်ချိန် မနက် (၉.၃၀) နာရီက (၁၀.၃၀) နာရီ အထိ ဖြစ်ပါတယ်။
တက်ရောက်သူလူဦးရေအကန့်အသတ်ရှိတာကြောင့် စောစောစီးစီးစာရင်းပေးသွင်းနိုင်ပြီး စာရင်းပေးလိုက်ပြီဆိုတာနဲ့ တက်ရောက်ခွင့်ရမှာပဲ ဖြစ်ပါတယ်။
 
အခြေအနေအကြောင်းကြောင်းကြောင့် တိုင်းပြည်ကိုစွန့်ခွာလာတဲ့ မဲဆောက်ရောက်မြန်မာတွေအတွက် မိမိတို့ရဲ့ မိတ်ဆွေဟောင်း မိတ်ဆွေသစ်တွေနဲ့အတူ ရင်ဖွင့်ချင်တယ်၊ နားထောင်ပေးမယ်၊ နှစ်သိမ့်အားပေးကြမယ်ဆိုရင် ကျွန်မတို့ရဲ့ လက်ဖက်စကားအစီအစဉ်လေးမှာ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပါရစေရှင်။
 
ကျွန်မတို့ အဖွဲ့အစည်းများရဲ့ လုပ်ဆောင်ချက်များနှင့် သတင်းအချက်အလက်များကို ပိုမို သိရှိနိုင်ဖို့ Wildflowers Community Support Centre နဲ့ Wildflowers Early Learning Centre တို့ရဲ့ QR code မှဖြစ်စေ အောက်ပါLink မှ ဖြစ်စေ Follow လုပ်ထားနိုင်ပါတယ်ရှင်။
ဧပြီ 20, 2025

ငါ မယုံနိုင်ဘူး

ကိုယ်ချစ်ရသူတွေကိုဆုံးရှုံးလိုက်ရတာ အိမ်မက်သာဖြစ်လိုက်ပါတော့လို့ တွေးမိနေလား။ လွန်ခဲ့တဲ့ရက်ပိုင်းက မမျှော်လင့်ဘဲ ရုတ်ချည်းဖြစ်ပေါ်ခဲ့တဲ့သဘာဝဘေးအန္တရာယ်ဆိုးကြီးဖြစ်တဲ့ ငလျင်ကြောင့်

ဧပြီ 5, 2025

သတိထားစောင့်ကြည့်စရာ Secondary Trauma

Secondary trauma လို့ အများကခေါ်ဆိုကြတဲ့ "secondary traumatic

မတ် 24, 2025

မတုန်လှုပ်ပါနဲ့

မတုန်လှုပ်ပါနဲ့ "ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံယဿ န ကမ္ပတိ"

မတ် 21, 2025

Geopolitical Aspects of Asia Related Myanmar

Geopolitical Aspects of Asia Related Myanmar

မတ် 17, 2025

စိတ်ကြောင့်ဖြစ်တဲ့ ဝေဒနာ သို့မဟုတ် Psychosomatic Disorder အကြောင်း

‘စိတ်ထောင်းတော့ ကိုယ်ကြေ’ ဆိုတဲ့စကား ကြားဖူးကြမှာပါ။ သင့်ရဲ့ စိတ်ခံစားမှုနဲ့

my_MMMyanmar