အားလုံးပဲ မင်္ဂလာပါရှင်။

Jue Jue’s Safe Space နဲ့ Wildflowers Community Support Centre တို့ ပူးပေါင်းပြီး အပတ်စဉ်ပြုလုပ်နေကြ Tea Talk – လက်ဖက်စကားအစီအစဉ်လေးကို ဒီတစ်ပတ် စနေနေ့မှာ “စိတ်ရောကိုယ်ပါ ကျန်းမာအောင်နေမယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ရှေးမြန်မာလူမျိုးတွေရဲ့ လက်ဖက်ရည်ကြမ်းစကားဝိုင်းလေးတွေကို Inspired ယူထားတဲ့ ကျွန်မတို့ရဲ့ လက်ဖက်စကားဝိုင်းမှာ မဲဆောက်နေ မြန်မာလူထုတွေ လူချင်းဆုံတွေ့ပြီး စိတ်ခံစားချက်တွေကို မျှဝေမယ်၊ အချင်းချင်းအားပေးမယ်၊ အချက်အလက်တွေကို မျှဝေမယ်၊ ပြီးတော့ တစ်ယောက်ကို တစ်ယောက်လက်တွဲကူပြီး နွေးထွေးလုံခြုံတဲ့ ရပ်ဝန်းကိုဖန်တီးနိုင်ဖို့ ရည်ရွယ်ပါတယ်ရှင်။

ဒီတစ်ပတ် လက်ဖက်စကားဝိုင်းမှာ အဓိကဆွေးနွေးမယ့်အကြောင်းအရာကတော့ “စိတ်ရောကိုယ်ပါ ကျန်းမာအောင်နေမယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ စိတ်သွားတိုင်း ကိုယ်ပါ, စိတ်ဆောင်မှ ကိုယ်အောင်တယ် ဆိုသလို စိတ်နဲ့ ကိုယ်ခန္ဓာဟာ အပြန်အလှန် အမှီသဟဲပြုနေကြပါတယ်။ စိတ်ကျန်းမာရေးက အရေးကြီးသလိုပဲ ခန္ဓာကိုယ်ကျန်းမာရေးကလည်း အရေးကြီးပါတယ်။ နာမကျန်းဖြစ်တဲ့အခါ၊ နာတာရှည်ဖြစ်တဲ့အခါ လူတွေဟာ ပျော်ရွှင်မှုမရှိတော့ဘဲ မိမိကိုယ်ကိုအဆုံးစီရင်ချင်စိတ်တွေ ဝင်လာတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့ ဘယ်လိုကြိုးစားကြလဲဆိုတာ မျှဝေဆွေးနွေးဖို့ ဒီတစ်ပတ်စကားဝိုင်းလေးကိုလည်း တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။

တက်ရောက်လာသူတွေအနေနဲ့ ဖော်ပြပါ “Register here” ကနေ တဆင့် စာရင်းပေးသွင်းလို့ရပြီဖြစ်ပါတယ်။

နေရာကတော့ Wildflowers Early Learning Center မှာဖြစ်ပါတယ်။

အချိန်က မနက် (၉.၃၀) နာရီက (၁၀.၃၀) နာရီ အထိ ဖြစ်ပါတယ်။ တက်ရောက်သူလူဦးရေအကန့်အသတ်ရှိတာကြောင့် စောစောစီးစီးစာရင်းပေးသွင်းနိုင်ပြီး စာရင်းပေးလိုက်ပြီဆိုတာနဲ့ တက်ရောက်ခွင့်ရမှာပဲ ဖြစ်ပါတယ်။

ကျွန်မတို့ အဖွဲ့အစည်းများရဲ့ လုပ်ဆောင်ချက်များနှင့် သတင်းအချက်အလက်များကို ပိုမို သိရှိနိုင်ဖို့ Wildflowers Community Support Centre နဲ့ Wildflowers Early Learning Centre တို့ရဲ့ QR code မှဖြစ်စေ အောက်ပါLink မှ ဖြစ်စေ Follow လုပ်ထားနိုင်ပါတယ်ရှင်။ 

ဧပြီ 20, 2025

ငါ မယုံနိုင်ဘူး

ကိုယ်ချစ်ရသူတွေကိုဆုံးရှုံးလိုက်ရတာ အိမ်မက်သာဖြစ်လိုက်ပါတော့လို့ တွေးမိနေလား။ လွန်ခဲ့တဲ့ရက်ပိုင်းက မမျှော်လင့်ဘဲ ရုတ်ချည်းဖြစ်ပေါ်ခဲ့တဲ့သဘာဝဘေးအန္တရာယ်ဆိုးကြီးဖြစ်တဲ့ ငလျင်ကြောင့်

ဧပြီ 5, 2025

သတိထားစောင့်ကြည့်စရာ Secondary Trauma

Secondary trauma လို့ အများကခေါ်ဆိုကြတဲ့ "secondary traumatic

မတ် 24, 2025

မတုန်လှုပ်ပါနဲ့

မတုန်လှုပ်ပါနဲ့ "ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံယဿ န ကမ္ပတိ"

မတ် 21, 2025

Geopolitical Aspects of Asia Related Myanmar

Geopolitical Aspects of Asia Related Myanmar

မတ် 17, 2025

စိတ်ကြောင့်ဖြစ်တဲ့ ဝေဒနာ သို့မဟုတ် Psychosomatic Disorder အကြောင်း

‘စိတ်ထောင်းတော့ ကိုယ်ကြေ’ ဆိုတဲ့စကား ကြားဖူးကြမှာပါ။ သင့်ရဲ့ စိတ်ခံစားမှုနဲ့

my_MMMyanmar