နိုင်ငံတကာမှ စိတ်ကျန်းမာရေးပညာရှင်များကို ဖိတ်ခေါ်ခြင်း

March 28, 2025 – Myanmar Earthquake Response
 
၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တုန်းက မြန်မာနိုင်ငံဟာ ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်ကို ခံစားခဲ့ရပါတယ်။ မြန်မာနိုင်ငံက အဏာသိမ်းမှု နဲ့ မိုခါ ဆိုင်ကလုန်းဒဏ်တွေကြံ့ကြံ့ခံနေရာက ယခုအခါ ငလျင်ကြောင့် ပြည်သူတွေဟာ ထပ်မံလို့ အိမ်ခြေယာမဲ့ ဖြစ်တာတင်မကပဲ စိတ်ဒဏ်ရာတွေ ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်တွေကိုရင်ဆိုင်နေကြရပါတယ်။
 
ကျွန်မတို့ Jue Jue's Safe Space အဖွဲ့အစည်းအနေဖြင့် စိတ်ဒဏ်ရာပျောက်ကင်းသက်သာရေးဟာ အားလုံးစုပေါင်းကြိုးပမ်းမှုနဲ့သာ အစပြုနိုင်မယ်လို့ယုံကြည်ထားပါတယ်။ ၂၀၁၉ ခုနှစ်ကနေ စလို့ အမေရိကန်နိုင်ငံ ဟာဝိုင်အီပြည်နယ်၊ မြန်မာနိုင်ငံနဲ့ အရှေ့တောင် အာရှမှာရှိတဲ့ လူမှု အသိုင်းအဝိုင်းတွေကို ဒေသယဥ်ကျေးမှုနဲ့ကိုက်ညီတဲ့ တိုင်ပင်ဆွေးနွေးပေးတဲ့ (Counseling) လုပ်ငန်းတွေ ၊ Peer Support Training ၊ Suicide Prevention Training တွေအပြင် စိတ်ဒဏ်ရာ အသိပညာပေးလုပ်ငန်းတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါတယ်။
 
အခုအခါမှာလည်း ငလျင်ဘေးဒဏ် ခံစားနေရတဲ့ မြန်မာပြည်အတွက် ကျွန်မတို့ရဲ့ ပြန်လည် ထူထောင်ရေးမှာ စိတ်ကျန်းမာရေး အခန်းကဏ္ဍကို တစိတ်တစ်ဒေသအနေနဲ့ ပိုမိုချဲ့ထွင်နေကြတာဖြစ်လို့ မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိကြတဲ့ စိတ်ကျန်းမာရေးပညာရှင် ၊ စိတ်ရောဂါကုဆရာဝန်၊ လူမှုဝန်ထမ်းတွေ အားလုံးကို စိတ်ကျန်းမာရေး ပြန်လည်ထူထောင်ရေး အရေးပေါ်လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်နိုင်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။
 
ဒေသတွင်း ကွင်းဆင်းလုပ်ကိုင်နိုင်သူ၊ သင်တန်းပို့ချပေးနိုင်သူများနှင့် ပညာရပ်ဆိုင်ရာ လိုအပ်ချက်များမျှဝေပေးနိုင်သူ ၊ မည်သည့်ပုံစံနဲ့မဆိုပူးပေါင်းပါဝင်နိုင်ပြီး ကျွန်မတို့ မြန်မာ ပြည်သူပြည်သားများရဲ့ အခက်အခဲကို သက်သာစေရန်နှင့် ပြန်လည်ထူထောင်ရေးအတွက် စိတ်ကျန်းမာရေးထောက်ပံ့ အကောင်းဆုံးမျှော်လင့်ချက်တွေကို ပေးနိုင်စေရန် ရည်ရွယ်ထားပါတယ်။
ဒါ့ကြောင့် စိတ်ဒဏ်ရာ တွေကို မျှော်လင့်ချက်တွေအဖြစ်ပြောင်းလဲနိုင်ဖို့ ကျွန်မတို့အဖွဲ့စည်းနဲ့အတူ ပူးပေါင်းဆောင်ရွက်ကြပါစို့။
 
ဒါ့ကြောင့် စိတ်ဒဏ်ရာ တွေကို မျှော်လင့်ချက်တွေအဖြစ်ပြောင်းလဲနိုင်ဖို့ ကျွန်မတို့အဖွဲ့စည်းနဲ့အတူ ပူးပေါင်းဆောင်ရွက်ကြပါစို့။
ဆက်သွယ်ရန် -
ပါဝင်လိုပါက Facebook Messenger နှင့် [email protected] သို့ ဆက်သွယ် စာပို့နိုင်ပါတယ်။
 
ဧပြီ 20, 2025

ငါ မယုံနိုင်ဘူး

ကိုယ်ချစ်ရသူတွေကိုဆုံးရှုံးလိုက်ရတာ အိမ်မက်သာဖြစ်လိုက်ပါတော့လို့ တွေးမိနေလား။ လွန်ခဲ့တဲ့ရက်ပိုင်းက မမျှော်လင့်ဘဲ ရုတ်ချည်းဖြစ်ပေါ်ခဲ့တဲ့သဘာဝဘေးအန္တရာယ်ဆိုးကြီးဖြစ်တဲ့ ငလျင်ကြောင့်

ဧပြီ 5, 2025

သတိထားစောင့်ကြည့်စရာ Secondary Trauma

Secondary trauma လို့ အများကခေါ်ဆိုကြတဲ့ "secondary traumatic

မတ် 24, 2025

မတုန်လှုပ်ပါနဲ့

မတုန်လှုပ်ပါနဲ့ "ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံယဿ န ကမ္ပတိ"

မတ် 21, 2025

Geopolitical Aspects of Asia Related Myanmar

Geopolitical Aspects of Asia Related Myanmar

မတ် 17, 2025

စိတ်ကြောင့်ဖြစ်တဲ့ ဝေဒနာ သို့မဟုတ် Psychosomatic Disorder အကြောင်း

‘စိတ်ထောင်းတော့ ကိုယ်ကြေ’ ဆိုတဲ့စကား ကြားဖူးကြမှာပါ။ သင့်ရဲ့ စိတ်ခံစားမှုနဲ့

my_MMMyanmar