Natural Diasters & Mental Health

အားလုံးပဲ မင်္ဂလာပါ။ ဒီအပတ်ရဲ့ Friday Live အစီအစဥ်မှာတော့ “သဘာဝဘေးအန္တရာယ်နဲ့ စိတ်ကျန်းမာရေး” အကြောင်းကို ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ကျွန်မတို့နိုင်ငံဟာ ပြင်းထန်တဲ့ မြေငလျင်ဒဏ်ကြောင့် လူအများစုဟာ ကြီးမားတဲ့ ဆုံးရှုံးမှုပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ သဘာဝဘေးအန္တရာယ်လို့ဆိုလိုက်ရင် မြေငလျင်၊ ရေမြုပ်မှု၊ မုန်တိုင်း၊ မီးလောင်မှု စတဲ့ဖြစ်ရပ်တွေကို အများဆုံးကြုံကြရပါတယ်။ သဘာဝဘေးအန္တရာယ်တွေဟာ လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ပျက်စီးစေပြီး နောက်ဆက်တွဲကျန်ရစ်သူတွေအတွက်ဆိုရင်လဲ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ သိသိသာသာ သက်ရောက်မှုတွေရှိစေပါတယ်။
ဒါကြောင့်ဒီတစ်ခါမှာတော့ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်လာနိုင်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေနဲ့ သဘာဝဘေးအန္တရာယ်အပြီး စိတ်ကျန်းမာရေးကို ပြန်လည်ကုစားနိုင်ဖို့ နည်းလမ်းတွေကို ဆွေးနွေးပေးသွားမှာပဲဖြစ်တဲ့အတွက် စောင့်ကြည့်ပြီး ပါ၀င်ဆွေးနွေးကြဖို့အတွက် အားလုံးကိုဖိတ်ခေါ်ပါတယ်။
 
 
Mon
Jue Jue's Safe Space
Live မှာ ဆွေးနွေးပေးသွားမယ့်သူတွေကတော့ Counselling & EMDR Psychologist တစ်ဦးဖြစ်တဲ့ Dr. Min Thein Kyi နဲ့ လက်ရှိမှာ Jue Jue’s Safe Space မှာ သင်တန်းဆရာမအနေနဲ့ လုပ်ကိုင်လျှက်ရှိတဲ့ မွန် တို့က ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။
ရက်စွဲ : ၄.၄.၂၀၂၅ (သောကြာနေ့)
အချိန် : ညရှစ်နာရီ (မြန်မာစံတော်ချိန်)
မေးမြန်းလိုတာတွေ ၊ သိလိုတာတွေရှိရင် comment မှာရေးပေးလို့ရပါတယ် ၊ Chat Box မှာလည်း မေးနိုင်ပါတယ်။
 
my_MMMyanmar