အခက်ခဲဆုံးကာလမှာ စိတ်ဖိစီးမွန်းကြပ်မှုတွေကိုခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ရင်ဖွင့်တိုင်ပင်ဆွေးနွေးဖို့ လုံခြုံတဲ့ Safe Space လေးကို မတ်လ ၂၂ မှစပြီး အပတ်စဉ် စနေနေ့ မနက် ၉ နာရီတိုင်းမှာ ပြန်လည်ပြုလုပ်သွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
 
အခြေအနေအမျိုးမျိုးကြောင့် နေအိမ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရတဲ့ မြန်မာပြည်သားတိုင်းရင်းသားတွေဟာ နေ့စဉ် တွေ့ကြုံနေရတဲ့ အခက်အခဲတွေအပြင် လူသားချင်းဆိုင်ရာထောက်ပံ့မှုတွေ ဖြတ်တောက်ခံရခြင်းကြောင့် ငွေကြေး၊ စားနပ်ရိက္ခာ၊ ဆေးဝါးစတဲ့အရာတွေ လောက်ငှမှု မရှိတော့ခြင်း၊ ပြတ်တောက်သွားခြင်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် လူသားအကျိုးပြုလုပ်ငန်းတွေမှာ ကူညီဆောင်ရွက်နေတဲ့ လူမှုဝန်ထမ်းတွေရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ပင်ပန်းမှုတွေ၊ ခံစားနေရတဲ့ စိတ်မွန်းကြပ်မှုတွေကို လုံခြုံစွာ ရင်ဖွင့်တိုင်ပင်ဆွေးနွေးနိုင်စေဖို့ ရည်ရွယ်ထားတဲ့ Saturday free support group မှာ အတူတူ ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ ဒီအစီအစဉ်လေးကို အပတ်စဉ် စနေနေ့ မနက် ၉ နာရီတိုင်းမှာ ကျွန်မတို့ Jue Jue’s Safe Space က ပြုလုပ်ပေးသွားမှာပါ။
 
ကျွန်မတို့အဖွဲ့အစည်းရဲ့ mission နှင့် ရပ်တည်ချက်အတိုင်း အားလုံး အတွက် နွေးထွေးလုံခြုံတဲ့ နေရာလေးအဖြစ် ဖော်ဆောင်ထားလို့ ဘယ်သူမဆို လာရောက်ရင်ဖွင့်ဖို့ ဖိတ်ခေါ်ပါတယ်။
 
https://airtable.com/app51WBo8jRybJGtQ/shrveh4DCaQv3pjSH
 
ဘယ်လို join ရမလဲ။
ရင်ဖွင့်လိုသူများအနေဖြင့် စာရင်းပေးသွင်းလိုပါက အထက်ဖော်ပြပါ link လေးကိုနှိပ်ပြီး စာရင်းပေးသွင်းလို့ ရပါပြီ။ စာရင်းပေးသွင်းထားသူတွေအတွက် တက်ရောက်ဖို့ zoom link ကို email ကတဆင့် ပြန်လည်ဆက်သွယ်ပေးပို့သွားမှာ ဖြစ်ပါတယ်ရှင်။