Understanding Men with Trauma Workshop

စိတ်ဒဏ်ရာလို့ပြောရင်မျက်စိထဲမှာ ဘယ်သူတွေကိုပြေးမြင်မိတတ်ကြလဲ? စိတ်ဒဏ်ရာနှင့်ပတ်သက်လို့ ပြောကြားတဲ့အခါမှာ လူတွေကများသောအားဖြင့် အမျိုးသားများထက် အမျိုးသမီးများကိုသာ တွဲမြင်မိကြတာများပါတယ်။ ဘာကြောင့်လဲဆိုတော့အမျိုးသားတွေက အမျိုးသမီးတွေထက်စာရင် သန်မာရမယ်၊မာကြောရမယ်ဆိုတဲ့ လူမှုစံနှုန်းတွေကြောင့် အမျိုးသားတွေကိုဆိုရင် စိတ်ဒဏ်ရာတွေ၊စိတ်ကျန်းမာရေးဆိုတာတွေနဲ့ ထိတွေ့သုံးနှုန်းမှုနည်းကြပါတယ်။ သို့သော်စိတ်ဒဏ်ရာဆိုတာ လူတိုင်းမည်သူမဆို စိတ်ဒဏ်ရာဖြစ်ပေါ်စေတဲ့ ဆိုးရွားသောအခိုက်အတန့်များနှင့် ကြုံတွေ့ရပါကစိတ်ဒဏ်ရာရနိုင်ကြပါတယ်။ ဒါကြောင့်အမျိုးသားများအနေဖြင့်လည်း ထုတ်မပြောတဲ့စိတ်ဒဏ်ရာတွေ၊ စိတ်ခံစားချက်တွေအများကြီး ရှိနိုင်ပါတယ်။
 
အမျိုးသားတွေကများသောအားဖြင့် ဦးဆောင်သူများ (သို့) အိမ်ထောင်ဦးစီးများအနေနဲ့ ကျွန်မတို့ လူ့အသိုင်းအဝိုင်းမှာ သတ်မှတ်ခံကြရပါတယ်။ အိမ်ထောင်စုတစ်စုရဲ့ အားကိုးအားထားရာလူအနေနဲ့ ရပ်တည်ပေးရတတ်ကြတယ်။ သားသမီးများအတွက် ဖခင်နေရာ၊ ဇနီးမယားအတွက်လဲ လင်ယောင်္ကျားနေရာ၊ မောင်နှမများအတွက်လဲ အစ်ကိုကြီးအဖရာနေရာမှာနေပြီး အခက်အခဲတွေကိုရှေ့ကရင်ဆိုင်ဖြေရှ င်းပေးကြရတဲ့ Front-line ရှေ့ကတိုက်စစ်မှုးများအနေနဲ့မွေးလာထဲက အသက်ကြီးတဲ့အထိနေထိုင်ကြရတယ်။ အဲ့ဒီအခါမှာ မိမိကိုယ်ကိုအားတင်းထားတတ်ကြရင်း လူတိုင်းမျှော်လင့်ထားတဲ့စံအတွင်းဝင်အောင် နေထိုင်ပြတတ်ကြပြီး မိမိခံစားချက်တွေကို ဖုံးကွယ်ထားတတ်ကြတယ်။ အဲ့လိုနေထိုင်နေတဲ့အတွက်လဲ ဘေးလူတွေအနေနဲ့ စိတ်ကျန်းမာရေးအားကောင်းတယ် စိတ်ဒဏ်ရာမရှိဘူးလို့ ထင်မြင်ကြပါလိမ့်မယ်။ အမှန်တကယ်အားဖြင့် အမျိုးသားများသည်လည်း ပုထုစဥ်လူသားဖြစ်တဲ့အတွက် စိတ်ဒဏ်ရာရစရာအဖြစ်အပျက်တွေ၊ သွေးပျက်စရာ အခြေအနေတွေနဲ့ကြုံရတဲ့အခါမှာ လူ့သဘာဝအရစိတ်ထဲမှာဒဏ်ရာ အဖြစ်ကျန်ခဲ့တဲ့အခါ အမျိုးသမီးတွေနဲ့မတူတဲ့အမူအကျင့်တွေနဲ့ ပြတတ်ကြပါတယ်။
 
ဒါကြောင့် ကျွန်မတို့ Jue Jue’s Safe Space အနေနဲ့ စိတ်ကျန်းမာရေး သင်တန်းများကို စဉ်ဆက် မပြတ်ပေးလေ့ရှိရာ အခုလိုမျိုးအမျိုးသားများရဲ့ စိတ်ကျန်းမာရေးနှင့် စိတ်ဒဏ်ရာများအကြောင်း နှင့်သက်ဆိုင်တဲ့ Understanding Men with Trauma Workshop ကို September 14th,15th,20th & 21st မှာကျင်းပသွားမှာဖြစ်လို့လာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
 
Understanding Men with Trauma Workshop ကို ဘယ်သူတွေ တက်ရောက်လို့ရပါသလဲ?
✅ မိမိနင့်ပတ်သက်သော စိတ်ဒဏ်ရာရှိသည့် အမျိုးသားများအကြောင်းကို ပိုမိုနားလည်ပြီးကူညီချင်သူများ
✅ စိတ်ဒဏ်ရာနင့်ပတ်သက်သော အသိပညာများကို စနစ်တကျလေ့လာချင်သူများ
✅အမျိုးသားတစ်ယောက်အနေဖြင့် မိမိ၏စိတ်ဒဏ်ရာနှင့် ပတ်သက်ပြီး မိမိကိုယ်ကိုနားလည်ချင်နေ သောသူများ
✅ လူမှုလုပ်ငန်းများမှာ ပါဝင်လုပ်ကိုင်နေပြီး စိတ်ကျန်းမာရေးကို အလေးပေးလုပ်ကိုင်နေသူများ
✅ စိတ်ကျန်းမာရေးနယ်ပယ်မှာ ပါဝင်လုပ်ကိုင်နေသူတွေ၊ လေ့လာနေသူများ တက်ရောက်သင့်ပါတယ်။
 
Understanding Men with Trauma Workshop မှာ ဘယ်သူသင်ကြားမှာလဲ?
Trainer ကတော့ Trauma Informed Therapy များစွာကိုလေ့လာသင်ယူပြီး စိတ်ဒဏ်ရာနှင့်ပတ်သက်ပြီး ကျွမ်းကျင်သူ Jue Jue’s Safe Space ရဲ့ Founder ဆရာမ ဂျူးဂျူးမင်းသူပဲ ဖြစ်ပါတယ်။ ဆရာမ ဂျူးဂျူးက လက်ရှိ Queens Medical Center မှာ အမေရိကန်နိုင်ငံ အသိမှတ်ပြု လိုင်စင်ရ Social Worker တစ်ယောက်ဖြစ်ပြီး University of Hawaii မှာ Lecturer တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီ “Understanding Men with Trauma Training” မှာ ဆရာမ ဂျူးဂျူးမင်းသူ ကိုယ်တိုင် လက်တွေ့ အသုံးချပြီး ရရှိလာတဲ့ အတွေ့အကြုံတွေကတစ်ဆင့် အကောင်းဆုံးသင်ကြားပိုချသွားမှာ ဖြစ်ပါ တယ်။
 
သင်တန်းနေ့ရက်နှင့် အချိန်
Date : September 14th,15th, 20th & 21st
Time : 10:00 AM to 1:00 PM
Location : Zoom
✅ Fees : 300,000 MMK
✅ Certificate : 50,000 MMK
✅ Recording : 100,000 MMK
စိတ်ဝင်စားတက်ရောက်လိုသူများအနေနဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး Jue Jue’s Safe Space ရဲ့ Facebook chat box က တစ်ဆင့်စာရင်းပေးသွင်းနိုင်ပါပြီ။
Scholarship လျှောက်ထားလိုသူများအနေနှင့် 6.9.2024 ရက်နေ့အထိ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါတယ်။
 
လျှောက်ထားလိုသူများအနေနှင့် အောက်ပါအချက်များနှင့် ကိုက်ညီမှုရှိရပါမယ်။
👉အမှန်တကယ်စိတ်ပညာရေးနယ်ပယ်တွင် လုပ်ကိုင်နေသောသူ/ လုပ်ကိုင်ဖူးသောသူ ဖြစ်ရမယ်။
👉စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး အခြေခံသိရှိပြီးထားသူ ဖြစ်ရမယ်။
👉လူမှုအကျိုးပြုလုပ်ငန်းများတွင် အမှန်တကယ် ပြန်လည်အကျိုးပြုနိုင်သူဖြစ်ရမယ်။
(အသက်အရွယ်ပိုင်းခြားထားခြင်း၊ အမျိုးသား၊အမျိုးသမီးခွဲခြားထားခြင်း မရှိသောကြောင့် အချက်အလက်နှင့် ကိုက်ညီသော မည်သူမဆိုလျှောက်ထားနိုင်ပါတယ်။)
 
✅✅လာရောက်လျှောက်ထားလိုသူများအနေနှင့် အောက်ပါမေးခွန်းများကို တိတိကျကျဖြေဆို ပေးရပါမည်။
၁။ ဘာကြောင့်ဒီသင်တန်းကို တက်ချင်တာပါလဲ။
၂။ စိတ်ကျန်းမာရေးပညာရပ်ကို အရင်က လေ့လာဖူးတဲ့အတွေ့အကြုံရှိရင် ပြောကြပါ။
၃။လက်တွေ့မှာစိတ်ကျန်းမှာရေးလုပ်ငန်းများကို လုပ်ဆောင်နေပါသလား။ လုပ်ငန်းအတွေ့အကြုံကိုဝေမျှပေးပါ။
၄။ဒီသင်တန်းကတက်ရောက်အောင်မြင်လာတဲ့ပညာတွေကိုဘယ်လိုပြန်လည်အသုံးပြုဖို့သံဓိဌာန်ချထားပါသလဲ။
၅။ဒီသင်တန်းကိုတတ်ရောက်ဖို့ စိတ်အားထက်သန်မှုဘယ်လောက်ရှိပါသလဲ။ ဘာကြောင့်လဲဆိုတာ ရှင်းပြပါ။
❌ Deadline ကျော်သွားသောသူများကို shortlist ထဲသွင်းပေးမည်မဟုတ်ပါ။ Word file or PDF file ဖြင့် ပို့ထားခြင်းမရှိသော Motivation Statement Letter များကို Scholarship အနေနှင့် ထည့်သွင်းစဥ်းစားမည်မဟုတ်ပါ။ လျှောက်ထားသူများထဲမှ အမှန်တကယ် တက်ရောက်ရန် အခက်အခဲဖြစ်နေသူများနှင့် လိုအပ်သူများထဲမှ ပြန်လည်စိစစ်ရွေးချယ်ပြီး ပြန်လည်အသိပေးကြေညာသွားမှာ ဖြစ်ပါတယ်။
 
Jue Jue’s Safe Space တွင် အားဖြည့်ကူညီလျက်ရှိတဲ့ volunteerများကိုလည်း သတ်မှတ်ထားသောအချက်အလက်အများနှင့်ကိုက်ညီသော စေတနာ့ဝန်ထမ်းများကို 20% discount ပေးသွားမှာပဲဖြစ်ပါတယ်။ ကျွန်မတို့ရဲ့အရင် Trauma series တက်ဖူးသူများကိုလည်း bonus 10,000 MMK ပြန်လည်အသုံးပြုခွင့်ပေးသွားမှာဖြစ်ပါတယ်။
“Understanding Men with Trauma Workshop” အတန်းကို တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ Facebook Page မှတစ်ဆင့် လာရောက်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါတယ်။