အားလုံးပဲ မင်္ဂလာပါရှင်။
ပီတိအိမ် – Joy House Mae Sot နဲ့ Jue Jue’s Safe Space တို့ ပူးပေါင်းတဲ့ Mental Health Training ရဲ့ ဒုတိယအကြိမ် Training Session လေးကို လာမယ့်ဇွန်လ ၂၀ ရက် သောကြာနေ့မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့က ပီတိအိမ် Joy House မှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
သင်တန်းသားအရေအတွက် (၂၀)ဦး ပဲ ကန့်သတ်ထားတာကြောင့် အမြန်ဆုံးစာရင်းပေးသွင်းဖို့ တိုက်တွန်းပါရစေရှင်။
ဇွန်လအတွက် ခေါင်းစဉ်က “Understanding Men With Trauma – စိတ်ဒဏ်ရာနဲ့အမျိုးသားများကို နားလည်ခြင်း” ဆိုတဲ့အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။ ဇွန်လဟာ Pride Month လလည်းဖြစ်ပါတယ်။ အမျိုးသား၊ အမျိုးသမီး ဘယ်သူမဆို ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း ၊ ဒေါသထွက်ခြင်း၊ စိုးရိမ်ခြင်း၊ အားငယ်ခြင်းတို့ကို ထပ်တူထပ်မျှ ခံစားရပါတယ်။ အမျိုးသားမို့လို့ ၊ ယောကျာ်းလေးမို့ စိတ်ခံစားချက်တွေကို အလွယ်တကူ ထုတ်ပြခွင့်မရတဲ့အခါမှာ အမျိုးသားတွေဟာ စိတ်ထဲကြိတ်ခံစားပြီး စိတ်ဒဏ်ရာတွေ ရရှိဖို့ ပိုလွယ်ပါတယ်။
 
အမျိုးသားတွေဟာ အမျိုးသမီးတွေလိုပဲ လူသားတစ်ယောက်မို့ စိတ်ဒဏ်ရာတွေ ဖြစ်ပေါ်တတ်ကြပါတယ်။ အမျိုးသားတွေက ဆိုးဝါးတဲ့အခိုက်အတန့်တွေ ရှိတဲ့အခါ စိတ်ဒဏ်ရာတွေ ရရှိတတ်ကြပြီး အမျိုးသမီးတွေလို ဖွင့်ထုတ်ပြသဖို့မလွယ်တဲ့အခါ သူတို့ရဲ့ စိတ်ခံစားချက်တွေက ပိုပြီး ကြီးထွားလာနိုင်ကြပါတယ်။
 
အမျိုးသားတွေက ဘယ်လိုစိတ်ဒဏ်ရာတွေ ရှိလဲ၊ သူတို့ရဲ့စိတ်ဒဏ်ရာတွေကို ဘယ်လို သိရှိနိုင်လဲ၊ စိတ်ဒဏ်ရာပျောက်ကင်းအောင် ဘယ်လိုလုပ်ပေးသင့်လဲဆိုတဲ့အချက်တွေကို သိရှိနားလည်နိုင်စေဖို့ “Understanding Men With Trauma – စိတ်ဒဏ်ရာနဲ့အမျိုးသားများကို နားလည်ခြင်း” ဆိုတဲ့ Training Workshopလေးမှာ သင်ကြားမျှဝေပေးသွားမှာ ဖြစ်ပါတယ်။
 
သင်တန်းကို အမျိုးသား၊အမျိုးသမီး ဘယ်သူမဆိုတက်ရောက်နိုင်ပြီး စိတ်ဒဏ်ရာနင့်ပတ်သက်သော အသိပညာများကို စနစ်တကျလေ့လာချင်သူများ၊ လူမှုလုပ်ငန်းများမှာ ပါဝင်လုပ်ကိုင်နေပြီး စိတ်ကျန်းမာရေးကို အလေးပေးလုပ်ကိုင်နေသူများ၊ စိတ်ဒဏ်ရာရှိသည့် အမျိုးသားများအကြောင်းကို ပိုမိုနားလည်ပြီးကူညီချင်သူများ တက်ရောက်သင့်ပါတယ်။
 
သင်တန်းက လူကိုယ်တိုင်လာရောက် ပူးပေါင်းတက်ရောက်ရမယ့် သင်တန်းဖြစ်တာကြောင့် မဲဆောက်မြို့မှာ‌ ရောက်ရှိနေထိုင်တဲ့သူတွေ တက်ရောက်ဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်ရှင့်။ သင်တန်းသားအရေအတွက်(၂၀) ပဲ ကန့်သတ်ထားတာကြောင့် အမြန်ဆုံးစာရင်းပေးသွင်းဖို့ တိုက်တွန်းပါရစေရှင်။
သင်တန်းချိန်- မနက် (၉) နာရီမှ ညနေ (၃) နာရီ
သင်တန်းရက် – ဇွန်လ ၂၀ ရက်၊ ၂၀၂၅
သင်တန်းနေရာ – Joy House Mae Sot

သင်တန်းကြာမြင့်ချိန်ကတော့ ၆ နာရီ ကြာမြင့်မှာ ဖြစ်ပြီး နေ့လည်စာနဲ့အတူ အဆာပြေ ကော်ဖီ/လက်ဘက်ရည်နဲ့ မုန့်များကိုလည်း ကျွေးမွေးသွားမှာ ဖြစ်တဲ့အတွက် ထမင်းဘူးထည့် ယူလာဖို့မလိုပါဘူးရှင်။

Joy House နဲ့ Jue Jue’s Safe Space တို့ ပူးပေါင်းပြီး စိတ်ကျန်းမာရေးအသိပညာတွေကို လစဉ် တတိယပတ် သောကြာနေ့တိုင်းမှာ မျှဝေပေးသွားမှာ ဖြစ်လို့ စိတ်ပါဝင်စားသူတွေအနေနဲ့ ဆက်ဆက်တက်ရောက်နိုင်ဖို့ ဖိတ်ခေါ်ပါရစေ။
April 20, 2025

ငါ မယုံနိုင်ဘူး

ကိုယ်ချစ်ရသူတွေကိုဆုံးရှုံးလိုက်ရတာ အိမ်မက်သာဖြစ်လိုက်ပါတော့လို့ တွေးမိနေလား။ လွန်ခဲ့တဲ့ရက်ပိုင်းက မမျှော်လင့်ဘဲ ရုတ်ချည်းဖြစ်ပေါ်ခဲ့တဲ့သဘာဝဘေးအန္တရာယ်ဆိုးကြီးဖြစ်တဲ့ ငလျင်ကြောင့်

April 5, 2025

သတိထားစောင့်ကြည့်စရာ Secondary Trauma

Secondary trauma လို့ အများကခေါ်ဆိုကြတဲ့ "secondary traumatic

March 24, 2025

မတုန်လှုပ်ပါနဲ့

မတုန်လှုပ်ပါနဲ့ "ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံယဿ န ကမ္ပတိ"

March 21, 2025

Geopolitical Aspects of Asia Related Myanmar

Geopolitical Aspects of Asia Related Myanmar

March 17, 2025

စိတ်ကြောင့်ဖြစ်တဲ့ ဝေဒနာ သို့မဟုတ် Psychosomatic Disorder အကြောင်း

‘စိတ်ထောင်းတော့ ကိုယ်ကြေ’ ဆိုတဲ့စကား ကြားဖူးကြမှာပါ။ သင့်ရဲ့ စိတ်ခံစားမှုနဲ့

en_USEnglish