Trauma and PTSD Intensive Training (Level-1)

မဂျူး Trauma သင်တန်းဘယ်တော့စမှာလဲ မေးနေတဲ့ သူတွေအတွက် မဂျူးနဲ့အတူ Psychological Trauma ဆိုတဲ့ စိတ်ဒဏ်ရာတွေအကြောင်းကို တိုက်ရိုက်ပါဝင်ဆွေးနွေးခွင့်ရမဲ့ Trauma and PTSD Intensive Training Level I ကိုစတော့မယ်နော်။ စာရင်းသွင်းလို့ရပါပြီ!
စိတ်ဒဏ်ရာတွေကြောင့် ချစ်ရတဲ့ မိသားစုဝင်တွေနဲ့ ကိုယ့်ဘေးနားက သူတွေကို ထိခိုက်နာကျင်စေမိမှာ စိုးရိမ်တဲ့သူတွေ၊ မိမိဆီမှာရှိတဲ့ စိတ်ဒဏ်ရာတွေကို ပိုမိုနားလည်ပြီး ကိုယ်ရဲ့ နောက် သားစဥ်မြေးဆက်တွေအထိ အမွေဆိုးတွေ အကျင့်ဆိုးတွေ လက်ဆင့်မကမ်းသွားချင်တဲ့သူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လူမှုဆက်ဆံရေးနယ်ပယ်မှာ ပိုမို အားကောင်းချင်တဲ့ သူတွေအတွက်ရော တက်ရောက်လေ့လာလို့ရတဲ့ “Trauma and PTSD Intensive Training Level I” အတန်းကိုလာတတ်ဖို့ဖိတ်ခေါ်ပါတယ်။
 
စိတ်ပါဝင်စားသူများ တက်ရောက်လေ့လာလိုသူများအတွက် Facebook Page ကနေတဆင့် စာရင်းပေးသွင်းခြင်းများလက်ခံနေပြီးဖြစ်ကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေ…
ကျွန်မတို့ဘဝမှာ ဘယ်လိုမှ မေ့ပျောက်လို့မရနိုင်တဲ့
စိတ်ဒဏ်ရာတွေရှိတတ်သလို တစ်ခါတလေမှာ မေ့ပျောက်သွားခဲ့ပြီ ကိုယ် move on လုပ်နိုင်သွားပြီလို့ ထင်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ရုတ်တရက်ပြန်ပေါ်လာတဲ့ စိတ်ဒဏ်ရာတွေလည်း ရှိတတ်ပါတယ်။ ဒီစိတ်ဒဏ်ရာတွေကနေပြီးတော့…
-အိပ်မက်ဆိုးတွေ မက်ခြင်း
-စိတ်ဒဏ်ရာဖြစ်စေခဲ့တဲ့ အဖြစ်အပျက်များ ခဏခဏ အတွေးထဲတွင် ပေါ်လာခြင်း
-ချွေးစေးများပြန်ခြင်း
-အသက်ရှုကြပ်ခြင်း
-စိတ်ခံစားချက်များ ထိရှလွယ်ခြင်း သို့မဟုတ်
-ထုံထိုင်းသွားခြင်း အစရှိတဲ့ အခြေအနေများကို နောက်ဆက်တွဲအနေနဲ့ တွေ့ကြုံရတတ်ပါတယ်။
 
ကျွန်မတို့ ခန္ဓာကိုယ်မှာ မှတ်ဉာဏ်ရှိတယ်ဆိုတဲ့ စကားလေးရှိပြီး သူက ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရတွေ စိတ်ဒဏ်ရာတွေ နာကျင်မှုတွေကို သိုလှောင် သိမ်းဆည်းထားတတ်ပါတယ်။ အဲ့တာကြောင့်မို့ ကျွန်မတို့ဟာ တွေ့ကြုံခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာ တွေကို မကုစားဘူးဆိုရင် ခန္ဓာကိုယ်က သိမ်းဆည်းထားမှာဖြစ်တာကြောင့် နာကျင်ခဲ့ရတဲ့ အတွေ့အကြုံတွေ မှတ်ဉာဏ်တွေကနေ ဘယ်တော့မှ လွတ်မြောက်နိုင်တော့မှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့်မို့ မိမိက စိတ်ဒဏ်ရာ(trauma) တွေနဲ့ ကြုံတွေ့ခဲ့ရတဲ့စိတ်ဒဏ်ရာတွေကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ စိတ်ဝေဒနာ လက္ခဏာများ (Post Traumatic Stress Disorder) တို့ကို သေချာလေး ကိုင်တွယ် ကုစားချင်တယ် သို့မဟုတ် သင်ယူလေ့လာချင်တယ်ဆိုရင် ကျွန်မတို့ Jue Jue’s Safe Spaceရဲ့ “Trauma and PTSD Intensive Training Level I” ကို တက်ရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
 
ဘာလို့ ကျွန်မတို့ရဲ့ Trauma and PTSD Intensive Training Level I” ကို တက်ရောက်သင့်တာလဲ ❓
ကျွန်မတို့ Trauma and PTSD Intensive Training Level I” အတန်းမှာ စိတ် ဒဏ်ရာများအကြောင်းကို ထိထိရောက်ရောက် လေ့လာသင်ယူနိုင်မှာဖြစ်ပြီး အထောက်အထားအခြေပြု အလေ့အကျင့်များ (evidence-based practice) များကိုအခြေခံထားတာကြောင့် မိမိရဲ့ ကျွမ်းကျင်မှုနားလည်မှုကိုမြှင့်တင်နိုင်ရုံသာမကဘဲ လုပ်ငန်းခွင်တွေမှာ ပြန်လည်အသုံးပြုနိုင်သည့် နည်းဗျူဟာတွေကို ကျွမ်းကျင်ပညာရှင်မှ သင်ကြားသွားမှာဖြစ်ပါတယ်။ဒါ့အပြင် ကျွမ်းကျင်ပညာရှင်နှင့်အတူ အပြန်အလှန် ဆွေးနွေးတိုင်ပင်ခြင်း၊ အကြံဉာဏ်များ ရယူနိုင်ခြင်းနှင့် သိလိုသမျှ မေးမြန်းနိုင်မယ့် အမေးအဖြေ sessionများလည်း ပါဝင်သွားမှာပါပဲဖြစ်ပါတယ်။
 
“Trauma and PTSD Intensive Training Level I” ကိုဘယ်သူတွေတက်ရောက်သင့်လဲ ❓
● စိတ်ကျန်းမာရေးကို စိတ်ဝင်တစား သင်ယူလေ့လာလိုသူများ
● စိတ်ကျန်းမာရေးနှင့်ပတ်သတ်ပြီး လူမှုအသိပညာ မျှဝေပေးလိုသူများ
● စိတ်ကျန်းမာရေးနယ်ပယ်တွင် မိမိ၏ ကျွမ်းကျင်မှုကို မြင့်တင်လိုသူများ
● မိမိ၏ စိတ်ဒဏ်ရာများကို ကုစားလိုသူများ
● စိတ်ဒဏ်ရာများအကြောင်း ထိထိရောက်ရောက် သင်ယူလေ့လာလိုသူများ
● စိတ်ကျန်းမာရေး နယ်ပယ်ထဲ ဝင်ရောက်လုပ်ကိုင်ဖို့ ဆန္ဒရှိ
● စိတ်ကျန်းမာရေး ပညာရှင်များ
● ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ
● လူမှုဝန်ထမ်းများ
သူများနှင့် စိတ်ကျန်းမာရေးကို စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက် သင်ယူနိုင်ပါတယ်။
 
“Trauma and PTSD Intensive Training Level I” မှာဘာတွေ သင်မှာလဲ❓
● Understanding the different types of Psychological Trauma (စိတ်ဒဏ်ရာ အမျိုးအစားများကို နားလည်ခြင်း)
● Criteria for Post-traumatic Stress Disorder (စိတ်ဒဏ်ရာ၏နောက်ဆက်တွဲ စိတ်ဖိစီးမှု ကစင့်ကလျားလက္ခဏာများအတွက် စံ သဘောတရားများ)
● My body and trauma (ငါ့ ခန္ဓာနဲ့ စိတ်ဒဏ်ရာ)
● Working with emotions associated with Trauma (စိတ်ဒဏ်ရာတွေနဲ့ပတ်သက်ပြီး စိတ်ခံစားချက်များကို ကိုင်တွယ်ဖြေရှင်းနည်းများ)
● Ethical and Clinical Guideline for trauma informed cases (ကျင့်ဝတ်နှင့် ကုသရေးဆိုင်ရာ လမ်းညွှန်ချက်များ)
● Available treatment for Psychological Trauma (စိတ်ဒဏ်ရာတွေနဲ့ပတ်သက်ပြီး ကျင့်သုံးနိုင်မည့် ကုထုံးများ)
အစရှိတဲ့ အကြောင်းအရာများကို သင်ကြားပို့ချသွားမှာပဲဖြစ်ပါတယ်။
 
“Trauma and PTSD Intensive Training Level I” ကိုဘယ်သူက သင်ကြားပေးမှာလဲ❓
မိမိက စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး သင်ယူလေ့လာတော့မယ်ဆိုရင် မိမိကို သင်ကြားပေးမယ့်သူက စိတ်ကျန်းမာရေးနယ်ပယ်ထဲက ဖြစ်ဖို့နှင့် စိတ်ကျန်းမာရေးကို ကျွမ်းကျင်ပိုင်နိုင်မှုရှိပြီး လိုင်စင်ရ အတွေ့အကြုံရှိသော ပညာရှင်များ ဟုတ်မဟုတ် ဆန်းစစ်လေ့လာကြည့်ဖို့ အရေးကြီးပါတယ်။ “Trauma and PTSD Intensive Training Level I” ကို သင်ကြားပို့ချပေးသွားမယ့် သူကတော့ Hawaii, U.S.A က ဆေးရုံမှာရော လက်တွေ့လုပ်ကိုင်နေသူ licensed ရရှိထားသူဖြစ်ပြီး University of Hawaii မှာ Lecturer ဖြစ်သူ Jue Jue’s Safe Space ရဲ့ ပဲ့ကိုင်ရှင် ဆရာမ Jue Jue Min Thu ပဲဖြစ်ပါတယ်။
 
Date : 20.1.24 & 21.1.24 (Sat& Sun)
27.1.24 & 28.1.24 (Sat &Sun)
ဆိုပြီး ၄ရက် သင်ကြားသွားမှာဖြစ်ပြီး တစ်ရက်ကို ၅နာရီ နှင့် နာရီ၂၀ ကြာမြင့်မယ့် သင်တန်းဖြစ်ပါတယ်။
အသုံးပြုမယ့် platform ကတော့ Zoom ပဲဖြစ်ပါတယ်ရှင့်။
-Fees : 200,000 MMK (65$)
-Certificate : 32,000 MMK (10$)
-Recording : 50,000 MMK (20$)
Suicide Prevention Helpline တွင် အားဖြည့်ကူညီလျက်ရှိတဲ့ volunteerများကို 20% discount ပေးသွားမှာပဲဖြစ်ပါတယ်။
 
“Trauma and PTSD Intensive Training Level I” အတန်းကို တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ Facebook Page မှတဆင့် လာရောက်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်သလို Comment Box မှာလည်း “Yes” ဆိုပြီး ရေးပေးခဲ့လို့လည်းရပါတယ်။ ကျွန်မတို့ Team မှ လာရောက်ဆက်သွယ်ပေးသွားမှာပဲဖြစ်ပါတယ်။