March လဟာ Social Work Month ဖြစ်တဲ့အတွက် ဒီတစ်ပတ်ရဲ့ အပတ်စဥ် Friday Live အစီအစဥ်မှာတော့ Social Work နဲ့ Mental Health ဘယ်လိုဆက်စပ်နေလဲ ဆိုတဲ့ ခေါင်းစဥ်နဲ့ ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။
Social Work ဆိုတာ လူ့ဘောင်အတွင်းမှာရှိတဲ့ လူတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လူမှုရေးပိုင်း၊ စတဲ့နေရာတွေမှာ လူတွေရဲ့ဘဝနဲ့ပတ်သက်တဲ့ အခက်အခဲ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ကူညီဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ Social Work ဆိုတာ လူ့ဘောင်တိုးတက်ဖို့အတွက် တာဝန်ယူဆောင်ရွက်နေတဲ့ အရေးကြီးတဲ့လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
Live မှာတော့ Social Work ရဲ့လုပ်ငန်းစဥ်၊ Social Work မှာ အဓိကထားတဲ့ သဘောတရား၊ စိတ်ကျန်းမာရေး လုပ်ငန်းစဥ်တွေမှာ Social Worker တွေရဲ့အခန်းကဏ္ဍ စတာတွေကို ဆွေးနွေးပေးသွားမှာ ဖြစ်တဲ့အတွက် ကျွန်မတို့ရဲ့ Friday Live ကိုစောင့်ကြည့်ပြီး ပါ၀င်ဖို့အတွက် အားလုံးကိုဖိတ်ခေါ်ပါတယ်ရှင်။
Live မှာ ဆွေးနွေးပေးသွားမယ့်သူတွေကတော့ Social Worker တစ်ဦးဖြစ်တဲ့ မဟေမာန်လင်းလဲ့ဇော် နဲ့ လက်ရှိမှာ Jue Jue’s Safe Space မှာ သင်တန်းဆရာမအနေနဲ့ လုပ်ကိုင်လျှက်ရှိတဲ့ မွန် တို့က ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။
ရက်စွဲ : ၁၄.၃.၂၀၂၅ (သောကြာနေ့) အချိန် : ညရှစ်နာရီ (မြန်မာစံတော်ချိန်)