Self-Injury Awareness Month

အားလုံးပဲ မင်္ဂလာပါ။ March လဟာ Self-Injury Awareness Month ဖြစ်တဲ့အတွက် ဒီတစ်ပတ်ရဲ့ Friday Live အစီအစဥ်မှာတော့ Self-Injury Prevention ဆိုတဲ့ ခေါင်းစဥ်နဲ့ ဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်။
 
မိမိရဲ့စိတ်ပိုင်းဆိုင်ရာနာကျင်ခံစားရမှု၊ ၀မ်းနည်းမှု၊ ဒေါသနဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေဖို့အတွက် မိမိကိုယ်ကိုရည်ရွယ်ချက်ရှိရှိ ထိခိုက်နာကျင်အောင်ပြုလုပ်ခြင်းဟာ Self-Injury လုပ်ခြင်းပဲဖြစ်ပါတယ်။ ဘယ်လိုစိတ်ခံစားချက်တွေ၊ အခြေအနေတွေက မိမိကိုယ်ကို နာကျင်အောင်လုပ်ဖို့ကို ဦးတည်စေပြီး ဘယ်လို sign တွေနဲ့ တွဲရက်တွေ့ရသလဲ?
အဲဒီအတွေးတွေ၊ စိတ်ခံစားမှုတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျော့နည်းအောင်၊ မလုပ်ဖြစ်အောင် တားဆီးလို့ရနိုင်မလဲ အစရှိတဲ့ အကြောင်းအရာတွေကို ကျွန်မတို့ရဲ့ Friday Live မှာ ဆွေးနွေးပေးသွားမှာဖြစ်တဲ့အတွက် ပါ၀င်ကြည့်ရှုဖို့အားလုံးကို ဖိတ်ခေါ်ပါတယ်ရှင်။
 
Live မှာ ဆွေးနွေးပေးသွားမယ့်သူတွေကတော့ Mental Health Practitioner တစ်ယောက်ဖြစ်တဲ့ ဒေါက်တာမေ နဲ့ လက်ရှိမှာ Jue Jue’s Safe Space မှာ သင်တန်းဆရာမအနေနဲ့ လုပ်ကိုင်လျက်ရှိတဲ့ မွန် တို့က ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။
 
ရက်စွဲ : ၂၁.၃.၂၀၂၅ (သောကြာနေ့)
အချိန် : ညရှစ်နာရီ (မြန်မာစံတော်ချိန်)
MON
Jue Jue's Safe Space
DR. MAY
Mental Health Practitioner