Psychological First Aid Workshop for Children in War Zone

မင်္ဂလာပါရှင်
Jue Jue’s Safe Space မှနှုတ်ခွန်းဆက်သလိုက်ပါတယ်။
 
အမေရိကန်နိုင်ငံ အဖွဲအစည်းတစ်ခုဖြစ်တဲ့ Jue Jue’s Safe Space ဟာဆိုရင် စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို မြန်မာပြည်သူ၊ ပြည်သားများအတွက် Safe Space တစ်နေရာအနေနဲ့ အခမဲ့ Helplines တွေအပြင် လူထုအကျိုးပြု Community Based Training Programs တွေကိုလည်း ပို့ချလျက်ရှိလာတာ 2019 ကနေ ခုဆိုရင် ၅နှစ်ကျော်ကြာမြင့်ခဲ့ပါပြီ။
24/7 Suicide Prevention Helpline Training ကို Batch (7) အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး Suicide Prevention Participants ပေါင်း ၁၅၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ယခုလက်ရှိမှာလည်း SPH Volunteers များစွာနှင့် ဆက်လက်ကြိုးစားလုပ်ကိုင်နေတာ ၁နှစ်ကျော်ကြာမြင့်ခဲ့ပါပြီ။
 
ယခုအခါမှာ ကျွန်မတိုအဖွဲအစည်းအနေဖြင့် လက်ရှိအခြေအနေအရ ပြည်တွင်းစစ်ပဋိက္ခတွေဖြစ်ပွားနေတဲ့ နေရာဒေသတွေမှာ နေထိုင်နေရတဲ့ ကလေးငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်းကို “Psychological First Aid Workshop for Children in War Zone” ခေါင်းစဉ်ဖြင့် နှစ်ရက်ကြာ ပို့ချသွားမှာဖြစ်ပါတယ်။
 
စစ်ပြေမြင်မှာ ရှင်သန်ကြီးပြင်းနေရတဲ့ ကလေးငယ်တွေက စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေအပြင်၊ စိတ်ဒဏ်ရာဖြစ်လာနိုင်ချေများပြားတဲ့ ကြောက်လန့်တုန်လှုပ်ဖွယ် အခိုက်အတန့်တွေကို ကြုံတွေ့နေရသည့်အတွက် ထိုသို့ဖြစ်နိုင်ချေကို လျော့ချနိုင်ရန် မဖြစ်မနေလိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်းကို Jue Jue’s Safe Space ရဲ့ Founder ဆရာမဂျူးဂျူးမင်းသူ၊ Child and Adolescent Psychiatrist အဖြစ် New York, Maimonides Medical Center မှာ တာ၀န်ထမ်းဆောင်နေတဲ့ Dr Nilar Thwin နှင့် Child Psychology and Parenting Mentor တစ်ဦးဖြစ်တဲ့ ဆရာမမေမြတ်မွန်တို့က တစ်ရက် နှစ်နာရီ၊ နှစ်ရက် (၄နာရီ) အခမဲ့ သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။
 
Workshop Date and Time
Date- August 17th & 18th
(Saturday and Sunday)
Time- 10:00 AM to 12:00 PM
Location- Zoom
(For NGO workers only by referrals)
 
လက်ရှိ စိတ်ကျန်းမာရေးဆိုင်ရာ၊ ကလေးသူငယ်စောင့်ရှောက်ရေးဆိုင်ရာ NGO အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေသူတွေ၊ စစ်မက်ဖြစ်ပွားနေတဲ့နေရာတွေမှာ ကလေးသူငယ်တွေအတွက် စေတနာ့၀န်ထမ်းအဖြစ် ကိုယ်တိုင် ထဲထဲ၀င်၀င် တာ၀န်ထမ်းဆောင်နေသည့် အဖွဲ့အစည်းများကြား Private Workshop အဖြစ်သာ ပို့ချရန် ရည်ရွယ်ထားသဖြင့် မိမိအဖွဲ့အစည်းများမှ စိတ်၀င်တစား တက်ရောက်လိုသူများအနေဖြင့် Facebook Page မှ တစ်ဆင့် မိမိအဖွဲ့အစည်း၏ ထောက်ခံချက်ဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ရပါတယ်။