Preventing Secondary Trauma Free Training

Preventing Secondary Trauma Free Training

Event Details:

Organizer:

လက်ရှိမှာရင်ဆိုင်ကြုံတွေ့နေရတဲ့ မြေငလျင်သဘာဝ ဘေးအန္တရာယ်တွေကြောင့် ဖြစ်ပေါ်တတ်တဲ့ စိတ်ကျန်းမာရေး ထိခိုက်မှုများထဲမှ အရေးကြီးတဲ့ လက်ဆင့်ကမ်းစိတ်ကျန်းမာရေးကို ဘယ်လို ကာကွယ်မလဲဆိုတာသင်ယူကြရအောင်!
 
အဖြစ်အများဆုံးဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာအထောက်အကူပြုသူတွေ၊ စောင့်ရှောက်သူတွေ၊ ဆရာဝန်တွေနဲ့ သတင်းသမားတွေမှာ အများဆုံးဖြစ်တတ်သလို ခုလိုကာလမှာ သဘာဝဘေးဒဏ်သင့်ပြည်သူတွေ၊ ကယ်ဆယ်ရေးသမားတွေနဲ့ သတင်းမီဒီယာတွေကို ဆက်တိုက်ကြည့်ရှုနေသူတွေမှာလည်း Secondary Trauma လက်ဆင့်ကမ်း စိတ်ကျန်းမာရေးက အဖြစ်အများဆုံးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့အဖွဲ့အစည်းကနေပြီးတော့ Prevention Secondary Trauma Training ဆိုတဲ့ခေါင်းစဉ်နဲ့ အခုလိုမျိုး သဘာဝဘေးအန္တရာယ်ကျရောက်နေတဲ့ အချိန်မှာ ကြိုတင်ကာကွယ်မှု ပြုလုပ်နိုင်စေရန်အတွက် အခမဲ့ သင်တန်းပေးသွားမှာဖြစ်ပါတယ်။
 
👉Preventing Secondary Trauma Training မှာ ဘာတွေသင်ယူရမလဲ?
Secondary Trauma ဆိုတာဘာလဲ?​
Secondary Trauma ရဲ့ လက္ခဏာနဲ့သဘောသဘာဝတွေ
Secondary Trauma မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့အချက်တွေအပြင်
Secondary Trauma ဖြစ်လာရင် ဘယ်လိုကုစားကြမလဲဆိုတာတွေကို လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။
 
👉ဘယ်လိုလူတွေတက်ရောက်သင့်လဲ?
ယခု ငလျင်ဘေးအန္တရာယ်တွင် ပါဝင်ကူညီနေသော လူမှုအဖွဲ့အစည်းများတွင် ပါဝင်ကူညီနေသူများ၊ ကယ်ဆယ်ရေးသမားများ
သဘာဝဘေးဒဏ်သင့်ပြည်သူများ
စိတ်ပိုင်းဆိုင်ရာအထောက်အကူပြုသူများ
ယခုဖြစ်ပေါ်နေတဲ့အခြေအနေအတွက် သတင်းမီဒီယာများကို ဆက်တိုက်ကြည့်ရှုနေသူများ အပြင်
စေတနာ့ဝန်ထမ်းအဖြစ် မိမိအားလပ်သည့်အချိန်များတွင် မြန်မာ့လူမှုအဖွဲ့အစည်းအတွက် ပါဝင်အားဖြည့်လိုသူများ တက်ရောက်နိုင်ပါသည်။​
👉သင်တန်းအတွက် Training Fees နှင့် Payment Allowance ရှိပါသလား?
ယခုသင်တန်းဟာ ငလျင်ဘေးဒဏ်သင့်ပြည်သူတွေနှင့် သဘာဝဘေး ကူညီကယ်ဆယ်နေသူတွေကို ကို ကူညီဖို့အတွက် လိုအပ်ချက်အရ JJSS အဖွဲံအစည်းမှ အခကြေးငွေမယူဘဲ ပညာဒါန သင်တန်းဖြစ်ပါတယ်။
 
👉ဘာအကျိုးအမြတ်ရရှိနိုင်ပါသလဲ?
-သင်တန်းတက်ရောက်သူတွေအနေနဲ့ မိမိကိုယ်တိုင်ကော သူများကိုပါ Secondary Trauma Stress မရအောင် ကူညီနိုင်ခြင်း၊ ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီပေးနေတဲ့ပရဟိတသမားတွေကို တဖက်တလမ်းက ပံ့ပိုးကူညီပေးနိုင်ခြင်း၊ မိမိပတ်ဝန်းကျင်ကလူတွေကို ပိုမိုသတိထားကာကွယ်ပေးနိုင်ခြင်း ၊ စိတ်ဓာတ်ခွန်အားပေးနေသူတွေအတွက် စိတ်ဒဏ်ရာမရအောင် ကာကွယ်ပေးနိုင်ခြင်း၊ သိသင့်တဲ့အချက်တွေ ပါဝင်ခြင်း၊ ရေရှည်လက်တွဲပါဝင်လုပ်ကိုင်နိုင်မည့် အခွင့်အရေးရှိမှာဖြစ်ပါတယ်။
 
🗓️ Training Date and Time
April 12, 2025, 8:00 AM – 12:00 PM (Myanmar Time)
Training Place – Zoom
Location – Live Zoom session
Total Learning Hours – 3 hours
Program Fees – ပညာဒါန
Deadline – April 11th, 2025
 
လျှောက်ထားသူများအနေနှင့် Jue Jue’s Safe Space ၏ Facebook Chat Box မှတစ်ဆင့် သင်တန်းတက်ရောက်ချင်ရတဲ့အကြောင်းအရင်း၊နာမည်နှင့် Email လိပ်စာ ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။​

ကျွန်ုပ်တို့ JJSS ရဲ့ helpline များကို (၂၄) နာရီလုံး အဖွဲ့အစည်းမှ သင်ကြားပေးထားတဲ့ စေတနာ့ဝန်ထမ်းများနဲ့ ကူညီဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။

Free Training