အားလုံးပဲ မင်္ဂလာပါ။ ဒီအပတ်ရဲ့ Friday Live အစီအစဥ်မှာတော့ “မီဒီယာသက်ရောက်မှုနဲ့ စိတ်ကျန်းမာရေး” အကြောင်းကို ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။
ကျွန်မတို့နိုင်ငံဟာ လတ်တလောဖြစ်ခဲ့တဲ့ ငလျင်အပြီးမှာ လူတွေကြားမှာ စိတ်ဖိစီးမှု၊ ကြောက်ရွံ့မှုတွေ တိုးလာတာကို တွေ့ရှိရပါတယ်။ ဒီလိုအခြေအနေမှာ သတင်းမီဒီယာတွေရဲ့သက်ရောက်မှုဟာ အလွန်ကြီးမားတယ်ဆိုတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်ဒီတစ်ခါမှာတော့ ငလျင်ကြောင့် စိတ်ဖိစီးနေတဲ့သူတွေကို သတင်းမီဒီယာတွေက ဘယ်လိုအကျိုးသက်ရောက်စေနိုင်လဲ၊ လူတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကို မီဒီယာကိုအသုံးပြုပြီး ဘယ်လိုထောက်ပံ့ပေးနိုင်လဲ၊ စိတ်ကျန်းမာရေး မထိခိုက်အောင် သတင်းတွေကို စီစစ်ပြီး ဖတ်ရှုသင့်ပုံ စတာတွေကို ဆွေးနွေးပေးသွားမှာပဲဖြစ်တဲ့အတွက် စောင့်ကြည့်ပြီး ပါ၀င်ဆွေးနွေးကြဖို့အတွက် အားလုံးကိုဖိတ်ခေါ်ပါတယ်။
Live မှာ ဆွေးနွေးပေးသွားမယ့်သူတွေကတော့ Jue Jue’s Safe Space ရဲ့ Trainer လည်းဖြစ်သလို Mae Sot Team Representative တစ်ဦးဖြစ်တဲ့ ဆရာမမိုးသဲနဲ့ လက်ရှိမှာ Jue Jue’s Safe Space မှာ သင်တန်းဆရာမအနေနဲ့ လုပ်ကိုင်လျက်ရှိတဲ့ မွန် တို့က ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။
ရက်စွဲ : ၁၁.၄.၂၀၂၅ (သောကြာနေ့) အချိန် : ညရှစ်နာရီ (မြန်မာစံတော်ချိန်)
မေးမြန်းချင်တာတွေ ၊ သိလိုတာတွေရှိရင် comment မှာရေးပေးလို့ရပါတယ် ၊ Chat Box မှာလည်း မေးနိုင်ပါတယ်။
#JueJuesSafeSpae #JJSS #MediaExposure#MentalHealth #LiveSession