ကျွန်မတို့ Suicide Helpline ဆီမှာ နေ့စဉ်နှင့်အမျှ အကူအညီလာတောင်းတဲ့ လူတွေကရှိနေတာကြောင့် ကျွန်မတို့ Suicide Helpline ရဲ့ Volunteer အခန်းကဏ္ဍက အရမ်းအရေးကြီးပါတယ်။ လူတွေကို ကူညီချင်တယ်၊ မိမိပတ်ဝန်းကျင်မှာ အခက်အခဲကြုံတွေ့နေရတဲ့လူတွေကို ကူညီဖို့ စိတ်ဝင်စားတယ်ဆိုရင် ယခု သင်တန်းလေးကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ မြန်မာပြည်တွင်သာမက ပြည်ပနိုင်ငံအသီးသီးဖြစ်ကြတဲ့ ကိုရီးယား၊ မလေးရှားနဲ့ ထိုင်းရောက်မြန်မာတွေမှာလည်း စိတ်ဖိစီးမှုဒဏ်ကိုခံစားနေရတဲ့သူတွေအများကြီး ရှိနေတယ်လို့ ကြားသိရပါတယ်။
Suicide လုပ်ချင်နေတဲ့သူတွေကို ဘယ်လိုကူညီရမလဲသိချင်တယ်၊ အထိရောက်ဆုံးနည်းလမ်းများဖြင့် အသက်တွေကို ကူညီကယ်ဆယ်ချင်တယ်ဆိုရင် ကျွန်မတို့ Jue Jue’s Safe Space မှပြုလုပ်မယ့် Intensive Suicide Prevention Training မှာ အခမဲ့တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
သင်တန်းပို့ချသွားမည့် ဆရာ၊ ဆရာမများဟာဆိုရင်လည်း ကျွန်မတို့ Jue Jue’s Safe Space ရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူ ဆရာမ မဂျူးဂျူးမင်းသူအပြင် ကျွန်မတို့ ရဲ့ အရည်အချင်းပြည့်မှီတဲ့ သင်တန်းဆရာ၊ ဆရာမများနှင့် သင်ကြားပို့ချသွားမှာဖြစ်ပါတယ်။ သင်တန်းတွင်ပါဝင်မယ့် သင်ရိုးညွှန်းတန်းများကလည်း American နိုင်ငံမှာ လက်ရှိအချိန်ထိ ကျင့်သုံးနေတဲ့ Suicide Prevention အချက်အလက်များအပြင် Safety Planning များလည်းပါဝင်မှာဖြစ်ပါတယ်။
လူဦးရေ (၉၀) သာကန့်သတ်ထားပါသဖြင့် ပထမဆုံး စာရင်းပေးသွင်းသူ (၉၀)ဦးကိုသာ တက်ရောက်ရန်ရွေးချယ်သွားမည်ဖြစ်ပါတယ်။ သင်တန်းတက်ရောက်ပြီးမြောက်သူများအနေဖြင့်လည်း အသိအမှတ်ပြု Certificate ရလိုသူများအနေဖြင့် Certificate fees (10,000) ကျပ်ဖြင့် ရယူနိုင်မည်ဖြစ်ပါတယ်။ ကျွန်မတို့ Jue Jue’s Safe Space နှင့်အတူ Volunteers များက Suicide Preventionကို အတူတူ လက်တွဲလုပ်ကိုင်သွားကြမှာဖြစ်ပြီး သင်ကြားထားသည်များကို လက်တွေ့ပြန်လည်အသုံးချနိုင်မဲ့ အခွင့်အရေးပါရရှိမှာဖြစ်ပါတယ်။
စိတ်ဝင်တစား ပါဝင်တက်ရောက်လိုသူများအနေနှင့် ကျွန်မတို့ Jue Jue’s Safe Space Chat box မှတစ်ဆင့် အမည်၊ Email လိပ်စာကို မတ်လ (၇) ရက်နေ့ နောက်ဆုံးထားပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။ Helpline တွင် ပါဝင်သည့် Volunteer များကိုလည်း ကျွန်မတို့ Jue Jue’s Safe Space မှ ဖုန်းဘေလ်များလည်း ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။