ကိုယ့်ဘက်က တောင်းပန်စရာမလိုဘဲနဲ့ ပြဿနာတစ်ခုကို အဆင်ပြေချင်တဲ့နည်းလမ်းတွေကို သိချင်လား?
စိတ်လိုက်မာန်ပါ ပြောလိုက်၊ လုပ်လိုက်မိလို့ လူမှုရေးပြဿနာတွေကို ရှောင်ရှားတဲ့နည်းတွေ သိချင်လား?
လောကမှာအခက်ခဲဆုံးသူဆိုတဲ့ ကိုယ့်ရဲ့စိတ်ကို ရင်ဆိုင်ရဲတဲ့ သတ္တိတွေရှိချင်လား?
မိမိရဲ့ဘေးနားမှာ နားမလည်နိုင်လောက်အောင် ရှုပ်ထွေးတဲ့လူတွေရဲ့အပြုအမူတွေကို နားလည်ချင်လား?
စိတ်ကျန်းမာရေးအားကောင်းလာရင် လူတွေကို ပိုပြီးနားလည်လာပြီး People Management လုပ်တတ်ချင်လား?
ဒီ Skills တွေအပြင် စိတ်ကျန်းမာရေးပိုမိုအားကောင်းချင်ရင် ကျွန်မတို့ရဲ့ Jue Jue’s Safe Space က ကြီးမှူးကျင်းပမဲ့ Trauma Series ထဲက တစ်ခုဖြစ်တဲ့ Dialectical Behavior Therapy Workshop ကို May 18th, 19th, 25th and 26th ကိုလာခဲ့ဖို့ ဖိတ်ခေါ်တယ်။
ဆရာမဂျူးကိုယ်တိုင် Counselling Session တွေမှာအသုံးပြုနေတဲ့နည်းလမ်းအပြင် မိမိကိုယ်တိုင်ရဲ့ စိတ်ကျန်းမာရေးရော မိမိနှင့် လက်တွေ့မှာတကယ့်ကို ကိုယ်တိုင်အကျိုးရှိရှိနဲ့ ပြန်လည်အသုံးချနိုင်မယ့် နည်းလမ်းကောင်းတွေကို ဝေမျှပို့ချသွားမှာပါ။ နေ့တဓူဝလူမှုဆက်ဆံရေးနဲ့ ကိုယ့်စိတ်ကိုယ်ထိန်းချုပ်ဖို့ ခက်ခဲနေသူတွေအတွက် အရမ်းထိရောက်စေမယ့် Dialectical Behavior Therapy (DBT) Coping techniques တွေကို လေ့လာနိုင်မယ့် သင်တန်းဖြစ်ပါတယ်။
Dialectical Behavior Therapy (DBT) ဆိုတာ ဘာလဲ? ဘယ်လိုနည်းလမ်းမျိုးလဲ?
Dialectical Behavior Therapy ဆိုတာ 1980 ခုနှစ်ဝန်းကျင်မှာ Dr. Marsha M. Linehan ဆိုတဲ့ Psychologist တစ်ယောက်ကနေ Japan နိုင်ငံက Zen Buddhism ရဲ့ Philosophy အတွေးအခေါ်တွေကို အခြေခံထားပြီး လူပေါင်းသုံးထောင်ကျော်ကို သုသေသနပြုထားကာ လက်တွေ့မှာအသုံးဝင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ Cognitive Behavioral Therapy (CBT) လို့ခေါ်တဲ့ စိတ်ခံစားချက်သိမှုအပေါ်မူတည်ပြီး ပြုမူလုပ်ဆောင်နိုင်ခြေရှိတဲ့ကုထုံးထဲကနေ ခွဲထွက်လာတဲ့ စကားပြောကုထုံးတစ်ခုလည်း ဖြစ်ပါတယ်။ အစောပိုင်းမှာတော့ အလယ်အလတ်လမ်းစဥ်ကို ကျင့်သုံးလိုသူတွေကို ထိန်းညှိပေးနိုင်ဖို့ အသုံးချခဲ့ရာကနေ နောက်ပိုင်းမှာတော့ စိတ်တည်ငြိမ်မှုမရှိသူတွေ၊ စိတ်ခံစားချက် ချုပ်ထိန်းနိုင်မှုအားနည်းသူ၊ လူမှုဆက်ဆံရေးမှာ အဆင်မပြေခက်ခဲနေတဲ့သူတွေအတွက်ပါ အဆင်ပြေပြေနဲ့သုံးလာကြတာကို တွေ့ရှိရတယ်။ မိမိစိတ်ကို မိမိကိုယ်တိုင် ထိန်းချုပ်ပိုင်နိုင်မှုရှိလိုသူတိုင်း၊ စိတ်အဆင်မပြေမှုတွေ ခဏခဏကြုံတွေ့ခံစားနေရသူတိုင်းအတွက် အရမ်းသင့်လျော်တဲ့ နည်းလမ်းကျင့်စဥ်တွေကို လေ့လာပြီး လက်တွေ့အသုံးချနိုင်မယ့် သင်တန်းလေးမို့ စိတ်ကျန်းမာရေးနည်းပယ်က မဟုတ်သူများလည်း တက်ရောက်နိုင်ပါတယ်။ Mindfulness ကျင့်စဥ် အလေ့အကျင့်၊ အခြေအနေကို လက်ခံပြီး အလယ်အလတ်လမ်းစဥ်ကို လက်ခံပြီး တုံ့ပြန်တဲ့နည်းလမ်းလေးတွေ ပါဝင်ပါတယ်။ Therapy နည်းလမ်းအနေနဲ့ကတော့ ပေါင်းသင်းဆက်ဆံရေး၊ စိတ်ထိန်းချုပ်မှုအားနည်းသူ၊ စိတ်ဖိစီးမှုများသူ၊ လူအများနှင့် ပြောဆိုဆက်ဆံတဲ့အခါမှာ အခက်အခဲရှိတဲ့သူတွေကို တွေ့ကြုံရတဲ့အခါ Counselling Session နဲ့ Group Session တွေမှာ လိုအပ်တဲ့အခါ အလိုက်သင့်သုံးလေ့ရှိတဲ့ Coping Techniques တွေထဲက တစ်ခုလည်းဖြစ်တယ်။
ဘာကြောင့် DBT က အရေးကြီးပြီး လူတိုင်းနားလည်သိထားသင့်တာလဲ?
စိတ်အဆင်မပြေမှုဆိုတာ လူတိုင်းမှာ အမြဲရှိနေတတ်ပါတယ်။ စိတ်ကျန်းမာရေးကို လေ့လာနေသူတွေ သာမက လူတိုင်းမှာ စိတ်ထိန်းညှိစရာတွေ၊ Boundaries ချမှတ်စရာတွေ၊ ကိုယ့်ကိုယ် Burnout မဖြစ်အောင် ကျော်ဖြတ်စရာတွေ အများကြီးရှိလာတဲ့အခါ ကိုယ့်စိတ်ကိုယ်မထိန်းချုပ်နိုင်၊ မထိန်းညှိနိုင်တဲ့အခါ ပိုပြီး မီးစာကုန်ခန်း နိုင်ပါတယ်။ ဒီအချိန်မှာ ကိုယ့် Client တွေပေါ်မှာရော၊ သူတို့အတွက်လိုအပ်တဲ့ Coping skills အနေနဲ့ရော ပြန်လည်အသုံးချနိုင်မှာပါ။ နေ့ဓဒူဝကြုံတွေ့နေရတဲ့ စိတ်သောက၊ အဆင်မပြေမှု၊ အခက်အခဲတွေကို ကောင်းကောင်းဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ ကိုယ့်စိတ်ကိုယ်ထိန်းကျောင်းနိုင်ဖို့ ကြိုးစားနေသူတွေအတွက် အရမ်း အကျိုးရှိပါတယ်။
Dialectical Behavior Therapy Workshop ကို ဘယ်သူတွေ တက်ရောက်လို့ရပါသလဲ။

မိမိကိုယ်ကိုယ် စိတ်ထိန်းချုပ်ရန် အခက်အခဲရှိနေသူများ

ကိုယ့်စိတ်ခံစားချက်တွေကို ကိုယ်တိုင် ထိန်းညှိပြီး စနစ်တကျရှိချင်သူများ

စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုများကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အလေ့အကျင့်ရှိလိုသူများ

လူမှုလုပ်ငန်းများမှာ ပါဝင်လုပ်ကိုင်နေပြီး စိတ်ကျန်းမာရေးကိုအလေးပေးလုပ်ကိုင်နေသူများ

သတိပဠာန်အားကောင်းပြီး သတိရှိရှိဖြစ်ဖို့ ကြိုးစားနေထိုင်လိုသူများ

နေ့ဓဒူဝမှာ လူမှုဆက်ဆံရေးအားကောင်းပြီး အကောင်းဆုံး ပြောဆိုနိုင်လိုသူများ

အလယ်အလတ်လမ်းစဥ်ကို လိုက်နာကျင့်သုံးလိုသူများ

စိတ်ကျန်းမာရေးနယ်ပယ်မှာ မလုပ်ကိုင်ပေမဲ့ ကိုယ်တိုင် တန်ဖိုးထားတဲ့အရာတွေ၊ ကိုယ်တိုင် Boundaries ထားဖို့ ခက်ခဲနေသူတွေ

စိတ်ကျန်းမာရေးနယ်ပယ်မှာ ပါဝင်လုပ်ကိုင်နေသူတွေ၊ လေ့လာနေသူများ တက်ရောက်သင့်ပါတယ်။
Dialectical Behavior Therapy Workshop မှာ ဘယ်သူသင်ကြားမှာလဲ?
Dialectical Behavior Therapy (DBT) ဟာ ဆရာမဂျူးဂျူးရဲ့ကျွမ်းကျင်တဲ့ ကုထုံးတစ်ခုဖြစ်တဲ့အပြင် ဆရာမကိုယ်တိုင် DBT Fellowship ကို တစ်နှစ်ပါဝင်ထားပြီး Saint Louis Center for Family Development မှာ အနီးကပ်သင်ယူပြီး လက်တွေ့အသုံးချထားတဲ့ ကုထုံးတစ်ခုဖြစ်တယ်။ DBT ကို အဓိကအားဖြင့် Suicidal ideation ရှိသူတွေအပြင် Borderline Personality Disorder ခံစားနေရသူတွေအတွက် အထူးကုထုံးတစ်ခုဖြစ်ပါတယ်။
သင်တန်းနေ့ရက်နှင့် အချိန်
Date : May 18th, 19th, 25th and 26th
Time : 9:30 AM to 1:30 PM
Location : Zoom

Fees : 200,000 MMK (65$)

Certificate : 32,000 MMK (10$)

Recording : 65,000 MMK (20$)

Early Birds Discount : 160,000 MMK (From May 4th to 8th)
မေလ ၄ရက်နေ့မှ ၈ရက်နေ့အတွင်း လာရောက်အပ်နှံသူများကို Early Birds Discount 20% ရရှိမှာ ဖြစ်ပါတယ်။
မှတ်ချက်။ ။ Discount Benefit များသည် လူတစ်ဦးလျှင်အခွင့်အရေး တစ်မျိုးသာ ခံစားခွင့်ရှိမည် ဖြစ်ပါတယ်။
January လမှပြုလုပ်ကျင်းပခဲ့တဲ့ Trauma Series ထဲက အနည်းဆုံး (၂)ခု တက်ရောက်ဖူးတွေကို အထူးအခွင့်အရေးအနေဖြင့် ၁၀၀၀၀ကျပ် Discount ထပ်မံပေးအပ်သွားမှာ ဖြစ်ပါတယ်။
“Dialectical Behavior Therapy Workshop” အတန်းကို တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့
Facebook Page မှတစ်ဆင့် လာရောက်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါတယ်။