အားလုံးပဲ မင်္ဂလာပါ။ ဒီအပတ်ရဲ့ Friday Live အစီအစဥ်မှာတော့ “လက်ဆင့်ကမ်းစိတ်ဒဏ်ရာကို ကာကွယ်ခြင်း” ဆိုတဲ့အကြောင်းအရာလေးကို ဆရာမ Mercy Sung က ဆွေးနွေးပေးမှာပဲဖြစ်ပါတယ်။

ဒီတစ်ခေါက်ကျွန်မတို့ရဲ့ Friday LIVE Programကို Jue Jue’s Safe Space ရဲ့ Youtube Channel မှာပြုလုပ်သွားမှာဖြစ်လို့ Subscribe မလုပ်ရသေးရင်အခုပဲလုပ်ထားလိုက်တော့နော်…

Jue Jue’s Safe Space YouTube Channel- https://youtube.com/@juejuessafespace2019…

ကျွန်မတို့နိုင်ငံဟာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးဒဏ်ကြောင့် ပြည်သူတွေဟာ စိတ်ဒဏ်ရာနဲ့ လက်ဆင့်ကမ်းစိတ်ဒဏ်ရာတွေ ရရှိခဲ့တာကို တွေ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ်တိုင်မကြုံတွေ့ရပေမယ့် ထပ်တူကူးစက်ခံစားရတဲ့ လက်ဆင့်ကမ်း စိတ်ဒဏ်ရာလို့ ခေါ်တဲ့ Secondary Trauma Stress တွေကလည်း ကိုယ့်ဆီမှာ ဖြစ်မှန်းမသိ ဖြစ်နေတတ်ပါတယ်။

ဒါကြောင့် Secondary Trauma ဆိုတာ ဘာလဲ၊ ဘယ်လိုလူတွေ ခံစားရလေ့ရှိလဲ။ ဘယ်လိုကာကွယ်လို့ ရနိုင်မလဲ။ မိမိမှာဖြစ်နေရင်ကော ဘယ်လိုသိရှိနိုင်လဲဆိုတဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သတ်တဲ့အကြောင်းအရာလေးတွေကို ဆွေးနွေးသွားမှာ ဖြစ်တဲ့အတွက် စောင့်ကြည့်ပြီး ကိုယ်တိုင် ပါဝင် ဆွေးနွေးနိုင်ဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။

Live မှာ ပါဝင်ဆွေးနွေးပေးသွားမယ့်သူတွေကတော့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ပြီး Mental Health Counselling ကို သင်ယူနေသူတစ်ဦးဖြစ်တဲ့ ဆရာမ Mercy Sung နဲ့ Jue Jue’s Safe Space မှာ Trainerအဖြစ်လုပ်ကိုင်နေတဲ့ ဆရာမ မိုးသည်းတို့က ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ရက်စွဲ : ၁၈.၄.၂၀၂၅ (သောကြာနေ့)
အချိန် : ညရှစ်နာရီ (မြန်မာစံတော်ချိန်)
Live ပြုလုပ်မည့်နေရာ – YouTube

မေးမြန်းချင်တာတွေ ၊ သိလိုတာတွေရှိရင် comment မှာရေးပေးလို့ရသလို Chat Box မှာလည်း မေးနိုင်ပါတယ်။

#JueJuesSafeSpae
#JJSS
#PreventingSecondaryTrauma
#MentalHealth
#LiveSession
 
April 20, 2025

ငါ မယုံနိုင်ဘူး

ကိုယ်ချစ်ရသူတွေကိုဆုံးရှုံးလိုက်ရတာ အိမ်မက်သာဖြစ်လိုက်ပါတော့လို့ တွေးမိနေလား။ လွန်ခဲ့တဲ့ရက်ပိုင်းက မမျှော်လင့်ဘဲ ရုတ်ချည်းဖြစ်ပေါ်ခဲ့တဲ့သဘာဝဘေးအန္တရာယ်ဆိုးကြီးဖြစ်တဲ့ ငလျင်ကြောင့်

April 5, 2025

သတိထားစောင့်ကြည့်စရာ Secondary Trauma

Secondary trauma လို့ အများကခေါ်ဆိုကြတဲ့ "secondary traumatic

March 24, 2025

မတုန်လှုပ်ပါနဲ့

မတုန်လှုပ်ပါနဲ့ "ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံယဿ န ကမ္ပတိ"

March 21, 2025

Geopolitical Aspects of Asia Related Myanmar

Geopolitical Aspects of Asia Related Myanmar

March 17, 2025

စိတ်ကြောင့်ဖြစ်တဲ့ ဝေဒနာ သို့မဟုတ် Psychosomatic Disorder အကြောင်း

‘စိတ်ထောင်းတော့ ကိုယ်ကြေ’ ဆိုတဲ့စကား ကြားဖူးကြမှာပါ။ သင့်ရဲ့ စိတ်ခံစားမှုနဲ့

en_USEnglish