Calling for Peer Support Specialist Program ( Batch-4 )

အမေရိကန်နိုင်ငံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Jue Jue’s Safe Space ဟာ စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို မြန်မာပြည်သူ၊ ပြည်သားများအတွက် Safe Space တစ်နေရာအနေနဲ့ Online မှ လာရောက်ရင်ဖွင့်သူများကို ပါဝင်ကူညီခဲ့တာ 2019 ကနေ ခုဆိုရင် ၅နှစ်ကျော်ကြာမြင့်ခဲ့ပါပြီိ။
24/7 Suicide Prevention Helpline Training ကို Batch (9) အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး Suicide Prevention Participants ပေါင်း ၁၅၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ပါပြီ။ ယခုလက်ရှိမှာလည်း SPH Volunteers များစွာနှင့် ဆက်လက်ကြိုးစားလုပ်ကိုင်နေတာ ၂နှစ်ကျော်ကြာမြင့်ခဲ့ပါပြီ။
ယခုအခါမှာ ကျွန်မတို့အဖွဲ့အစည်းတွင် လက်ရှိအခြေအနေအရ မြန်မာ့လူမှုအဖွဲ့အစည်းများမှလာရောက်ရင်ဖွင့်လာသူများ၏ အခြေအနေတိုးမြင့်လာမှုအရ စိတ်ကျန်းမာရေးအခမဲ့ဝန်ဆောင်မှု အစီအစဥ်တစ်ခုကို တိုးချဲ့ရန် စီစဥ်လိုက်ရပါတယ်။
 
👉 “Essential Counselling Skills Training for Peer Support Specialist” ဆိုတာ ဘယ်လိုသင်တန်းမျိုးလဲ?
Jue Jue’s Safe Space ရဲ့ Founder Jue Jue Min Thu နှင့် စိတ်ကျန်းမာရေးနယ်ပယ်မှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်နေသော ဆရာမသုံးယောက်တို့က သင်တန်းကာလနှစ်ရက်တာ၊ တစ်ရက်ကို ၄ နာရီ (နာရီပေါင်း ၈ နာရီ) မှာ စိတ်ကျန်းမာရေးဆိုင်ရာ Counselling ရဲ့ မဖြစ်မနေလိုအပ်တဲ့ Essential Skillsets တွေကို အခမဲ့သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
👉သင်တန်းတက်ရောက်ရန် လျှောက်ထားသူများထဲမှ အမှန်တကယ် လူမှုအကျိုးပြုလုပ်ငန်းကို လုပ်ကိုင်လိုစိတ်ရှိသူများ၊ စိတ်ကျန်းမာရေးအခြေခံဗဟုသုတ ရှိသူများထဲမှ လူဦးရေ (၃၀) ယောက်ကို သင်တန်းတက်ရောက်ရန် ရွေးချယ်သွားမှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်ပြီးသော အယောက် (၃၀)မှ ထူးချွန်သောသူ အယောက် (၂၀)ကို ထပ်မံရွေးချယ်ကာ Jue Jue’s Safe Space Team တွင် ရွယ်တူချင်း ပြန်လည်အားပေး စိတ်ကျန်းမာရေးအကျိုးပြု စေတနာ့ဝန်ထမ်း (Peer Support Specialists) များအနေနှင့် ထပ်မံရွေးချယ်သွားမှာ ဖြစ်ပါတယ်။
 
📌📌မှတ်ချက်။ ။ သင်တန်းတက်ရောက်သူများထဲမှာ ထူးချွန်သူများအနေနှင့် ရွေးချယ်ခံရသူများမှာ Jue Jue’s Safe Space Organization မှ Certificates များ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ထို Certificate မှာ JJSS ၏ လူမှုအကျိုးပြုအဖွဲ့အစည်းတွင်းသာ အကျုံးဝင်ပြီး Counsellor တစ်ယောက်အဖြစ် (သို့မဟုတ်) တခြားအဖွဲ့အစည်းများတွင် Counsellor တစ်ယောက်အနေနှင့် ပြန်လည်လုပ်ဆောင်ရန် ခွင့်ပြုထားခြင်းမရှိပါ။ Certified Peer Support Specialists များအနေနှင့် ဆရာမဂျူးဂျူး၏ Supervision ကို မပျက်မကွက်ခံယူရမှာ ဖြစ်ပါတယ်။
 
👉ဘယ်လိုလူတွေအတွက်လဲ?
-မိမိကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကနေ ကျော်လွန်နိုင်ခဲ့ပြီး ကိုယ့်အနေနဲ့ လူမှုအဖွဲ့အစည်းတွင် ပြန်လည်ကူညီလိုသူများ၊
-စေတနာ့ဝန်ထမ်းအဖြစ် မိမိအားလပ်သည့်အချိန်များတွင် မြန်မာ့လူမှုအဖွဲ့အစည်းအတွက် ပါဝင်အားဖြည့်လိုသူများ၊
-စိတ်ကျန်းမာရေး လူမှုဝန်ထမ်းဆိုင်ရာ ကျင့်ဝတ် (Ethics) ကို စနစ်တကျလိုက်နာနိုင်သူများ၊
-စိတ်ကျန်းမာရေးကို စိတ်ဝင်စားပြီး အမှန်တကယ် အဖွဲ့အစည်းနှင့် လက်တွဲလုပ်ကိုင်လိုသူများ၊
-စိတ်ကျန်းမာရေးဗဟုသုတ အခြေခံရှိပြီး စနစ်တကျ ကူညီလိုစိတ်ရှိသူများ၊
-Teamwork ကို အလေးထားသူများ၊
-အထက်တန်းအောင်မြင်ပြီးသူများ
 
👉Counsellor နှင့် Peer Support Specialist ဘာကွာချက်ရှိသလဲ?
လက်ရှိ အခြေအနေမှာ Counsellor ဆိုတာ လူတိုင်းလည်းတော်တော်များများ သိထားလောက်ပါတယ်။ စိတ်ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို တိုင်ပင်ဆွေးနွေးကုစားဖို့ လိုအပ်တဲ့အခါမှာ အဖြေတူတူရှာဖို့၊ တိုင်ပင်သုံးသပ်ဆန်းစစ်နိုင်ဖို့ ရည်ရွယ်ပြီးသွားတဲ့အခါ Counsellor အနေနှင့် အဖြေတူတူရှာပေးခြင်းမျိုး ဖြစ်ပါတယ်။
✅Jue Jue’s Safe Space ရဲ့ Peer Support Specialist အနေနှင့် JJSS ရဲ့ အဖွဲ့အစည်းမှာ လာရောက်ရင်ဖွင့်လိုသူများကို Active Listening skills နှင့် Basic Counselling Awareness များဖြင့် နွေးထွေးသော၊ လုံခြုံသော စိတ်ထွက်ပေါက်တစ်ခုအနေနှင့် လက်ခံနားထောင်ပေးရမှာ ဖြစ်ပါတယ်။ ရင်ဖွင့်သူများ၏ စိတ်အဆင်မပြေမှုများကို ကြီးမားတဲ့ စိတ်ဒဏ်ရာများအဆင့်ထိ မရောက်အောင် လက်ခံနားထောင်ပေးပြီး လိုအပ်ပါက Counselling ခံယူနိုင်ရန် Referral ပေးသွားနိုင်ရန် ရည်ရွယ်ပါတယ်။
 
👉သင်တန်းတက်ရောက်ရန် ဘာတွေလိုအပ်ပါသလဲ?
-ကျား၊ မ မည်သူမဆို ပါဝင်နိုင်ခွင့်ရှိပါတယ်။
-အသက်အရွယ်အားဖြင့် အသက် ၁၈နှစ်နှင့်အထက် ရှိရပါမယ်။
စိတ်ကျန်းမာရေးကို အမှန်တကယ်စိတ်ဝင်စားသူ၊ လေ့လာနေသူများ ဖြစ်ရပါမယ်။
-စိတ်ကျန်းမာရေးအခြေခံဗဟုသုတ ရှိရပါမယ်။
-Internet/ Wifi အဆင်ပြေပြီး ၈ နာရီကြာ (၂ရက်) အချိန်မှီ၊ အချိန်မှန် တက်ရောက်နိုင်ရပါမယ်။
-သင်တန်းတက်ရောက်ပြီးပါက JJSS တွင် စေတနာ့ဝန်ထမ်းအနေနှင့် အနည်းဆုံး (၃)လ ပြန်လည်လက်တွဲပါဝင်ကူညီရပါမယ်။
-တိုင်းရင်းသား၊ လူမျိုး၊ ဘာသာ မရွေး လျှောက်ထားနိုင်ပါတယ်။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း နှင့် အခြားသော တိုင်းဒေသကြီးများမှလည်း လျှောက်ထားနိုင်ပါတယ်။
 
👉Essential Counselling Skills for Peer Support Specialists Training မှာ ဘာတွေသင်ယူရမလဲ?
-Introduction to Counselling
-Basic Knowledge of Counselling
-Why, When we need Counselling
-Six Levels of validations
-Ethics, Rules and Regulations in mental health field
-Building Rapport and Professional Boundaries
-Self reflection and knowing your personal biases
-Different types of counselling techniques
 
👉Training Fees နှင့် Payment Allowance for Specialist ရှိပါသလား။
ယခုသင်တန်းဟာ မြန်မာပြည်လိုအပ်ချက်အရ JJSS Founder မှ အခကြေးငွေမယူဘဲ ပညာဒါန သင်တန်းဖြစ်တာကြောင့် သင်တန်းကြေးမရှိသော်လည်း ပြင်ပတွင် Counsellor တစ်ဦးနှင့် ပြန်လည်လုပ်ကိုင်ခွင့်မရှိပါ။ JJSS Team ရဲ့ Community-need-based Program ဖြစ်သောကြောင့် Specialists များအတွက် Allowance မရှိပါ။
 
👉ဘာအကျိုးအမြတ်ရရှိနိုင်ပါသလဲ?
-Jue Jue’s Safe Space ရဲ့ Founder မှာ လစဥ် Supervision ခံယူခွင့်၊
အနည်းဆုံး (၃) လ ပါဝင်ကူညီပြီးပါက Scholarship နှင့် လုပ်ငန်းများလုပ်ကိုင်ရာတွင် recommendation letter များ ရယူနိုင်ခြင်း၊
-JJSS မှ သင်တန်းများကို Volunteer Discounts အနေနှင့် တက်ရောက်နိုင်ခြင်း၊
-မိမိကြိုးစားမှုပေါ်မူတည်ပြီး အဖွဲ့အစည်းနှင့် ရေရှည်လက်တွဲပါဝင်လုပ်ကိုင်နိုင်မည့် အခွင့်အရေးရှိခြင်း
 
👉Suicide Prevention Helpline Volunteers များ ပါဝင်ခွင့်ရှိပါသလား?
SPH Volunteers များအနေနှင့် ပါဝင်ရန်လျှောက်ထားနိုင်သော်လည်း Community တွင် ပိုမိုထိရောက်စေရန် ရည်ရွယ်ထားသောကြောင့် SPH Volunteer Program သို့မဟုတ် Peer Support Specialist Program တစ်ခုတွင်သာ ပါဝင်နိုင်ပါတယ်။
 
🗓️ Training Date and Time
January 4th & 5th, 2025
9:30 AM – 1:30 PM
Training Place – Zoom
Location – Live Zoom session
Total Learning Hours – 8 hours
Program Fee – ပညာဒါန
Apply here – Messenger chat box
Deadline – December 30th, 2024
 
လျှောက်ထားသူများအနေနှင့်
✅ယခုသင်တန်းကို ဘာကြောင့် တက်ရောက်ချင်တာလဲ?
✅စိတ်ကျန်းမာရေးနှင့် ပတ်သက်သည့် မိမိအတွေ့အကြုံ
✅စိတ်ကျန်းမာရေးဆိုင်ရာ လေ့လာခဲ့ဖူးသော သင်တန်းများကို မြန်မာ(သို့မဟုတ်) English ဖြင့်ဖြစ်စေ အသေးစိတ်ပြည့်စုံစွာ ဖြည့်ပေးပါရန်။
❌မပြည့်စုံသော လျှောက်လွှာများကို ထည့်သွင်းစဥ်းစားမည်မဟုတ်ပါ။
ထည့်သွင်းထားသော data and information များကို Confidentilal ထားမည်ဖြစ်သောကြောင့် မိမိအကြောင်းကို ပြည့်စုံစွာ အသေးစိတ်ဖော်ပြပေးပါရန်။
လက်ရှိမြန်မာပြည်ရဲ့ အနေအထားအရ မိမိအနေနှင့် လူမှုအကျိုးပြု အဖွဲ့အစည်းတွင် တစ်ထောင့်တစ်နေရာ ပါဝင်လိုတယ်ဆိုရင်တော့ Peer Support Specialist Program ကို လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။