ကျွန်မတို့ ဟာ မွေးဖွားလာတဲ့ အချိန်ကစလို့ နောက်ဆုံးအချိန်ထိတိုင်အောင် ဘ၀မှာ မေ့ဖျောက်မရတဲ့ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့အရာတွေကို ပိုင်ဆိုင်ခဲ့ဖူးသလို အဆိုးတကာ့အဆိုးဆုံးဆိုတဲ့ အရာတွေနဲ့လည်း ကြုံတွေ့ကြရဖူးပါတယ်။ ဒီအခါမှာ ကောင်းမွန်တဲ့အရာတွေနဲ့ ကြုံတွေ့ကြရရင် ပျော်ရွှင်ပြီး ကောင်းမွန်တဲ့ အမှတ်တရတွေ ဖန်တီးဖြစ်ကြပေမယ့် ခက်ခဲပင်ပန်းပြီးဆိုးရွားတဲ့ အရာတွေနဲ့ ကြုံဆုံကြရချိန်မှာတော့ အဲ့ဒီအရာကို ဖြတ်ကျော်ဖို့အတွက် ခက်ခဲကြပါတယ်၊ အဲဒီအတွက် အားအင်တွေမွေးမြူကြရတယ်၊ resilience တွေရှိဖို့ မဖြစ်မနေလိုအပ်ကြတယ်၊ ခက်ခဲမှုတွေထဲကနေပဲ အခွင့်အလမ်းတွေကို ရှာဖွေရယူနိုင်ဖို့ ကြိုးစားကြရတယ်၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ကြိုးစားကြရပါတယ်။