အားလုံးပဲ မင်္ဂလာပါရှင့်။
 
Jue Jue’s Safe Space နဲ့ Wildflowers Community Support Centre တို့ ပူးပေါင်းပြီး ပြုလုပ်တဲ့ လက်ဖက်စကားအစီအစဉ်လေးကို ဒုတိယအကြိမ် မဲဆောက်မြို့မှာ ထပ်ပြီး ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
 
ဟိုးရှေးရှေးကတည်းက မြန်မာလူမျိုးတွေဟာ လက်ဖက်ရည်ကြမ်းဝိုင်းဖွဲ့ရင်း သတင်းအချက်အလက်ဝေမျှတာ၊ အချင်းချင်း စိတ်ခွန်အားပေးတာ၊ ရင်းနှီးသူတွေ တွေ့ဆုံစကားပြောကြတာတွေ လုပ်လေ့ရှိပါတယ်။
 
ကျွန်မတို့ရဲ့ လက်ဖက်စကားဝိုင်းမှာလည်း မဲဆောက်နေ မြန်မာလူထုတွေ ကိုယ်တိုင်တက်ရောက်စုဝေးပြီး မိမိတို့ရဲ့စိတ်ခံစားချက်တွေကို မျှဝေမယ်၊ အချင်းချင်းအားပေးမယ်၊ အချက်အလက်တွေကို မျှဝေမယ်၊ ပြီးတော့ တစ်ယောက်ကို တစ်ယောက်လက်တွဲကူပြီး နွေးထွေးလုံခြုံတဲ့ ရပ်ဝန်းကိုဖန်တီးနိုင်ဖို့ ရည်ရွယ်ပါတယ်ရှင်။
 
ဒီတစ်ပတ် လက်ဖက်စကားဝိုင်းမှာ အဓိကဆွေးနွေးမယ့်အကြောင်းအရာကတော့ “ဝင်ငွေမကောင်းလို့ စိတ်ဓာတ်ကျနေလား” ဆိုတဲ့ ခေါင်းစဉ်ကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ နယ်စပ်ရောက် မြန်မာတွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေကြောင့် စိတ်သောက ရောက်နေကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီပြဿနာနဲ့ပတ်သတ်ပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးရင်ဖွင့်ရင်း အချင်းချင်းအားပေးကြရင်း အလုပ်အကိုင်အခွင့်အလမ်းနဲ့ သက်မွေးဝမ်းကျောင်းပညာရပ်တွေ သင်ကြားနိုင်မယ့်အခွင့်အရေးတွေကိုလည်း အချင်းချင်းမျှဝေနိုင်ဖို့အတွက် ဒီတစ်ပတ်အစီအစဉ်လေးကို လာရောက်ပူးပေါင်းပါဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်။
 
တက်ရောက်လာသူတွေအနေနဲ့ ဖော်ပြပါ link ကနေ တဆင့် စာရင်းပေးသွင်းလို့ရပြီဖြစ်ပါတယ်။ 
Registration Link: Click here
နေရာကတော့ Wildflowers Early Learning Center မှာဖြစ်ပါတယ်။ 
 
အချိန်က မနက် (၉.၃၀) နာရီက (၁၀.၃၀) နာရီ အထိ ဖြစ်ပါတယ်။ တက်ရောက်သူလူဦးရေအကန့်အသတ်ရှိတာကြောင့် စောစောစီးစီးစာရင်းပေးသွင်းနိုင်ပြီး စာရင်းပေးလိုက်ပြီဆိုတာနဲ့ တက်ရောက်ခွင့်ရမှာပဲ ဖြစ်ပါတယ်။

အခြေအနေအကြောင်းကြောင်းကြောင့် တိုင်းပြည်ကိုစွန့်ခွာလာတဲ့ မဲဆောက်ရောက်မြန်မာတွေအတွက် မိမိတို့ရဲ့ မိတ်ဆွေဟောင်း မိတ်ဆွေသစ်တွေနဲ့အတူ ရင်ဖွင့်ချင်တယ်၊ နားထောင်ပေးမယ်၊ နှစ်သိမ့်အားပေးကြမယ်ဆိုရင် ကျွန်မတို့ရဲ့ လက်ဖက်စကားအစီအစဉ်လေးမှာ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပါရစေရှင်
April 20, 2025

ငါ မယုံနိုင်ဘူး

ကိုယ်ချစ်ရသူတွေကိုဆုံးရှုံးလိုက်ရတာ အိမ်မက်သာဖြစ်လိုက်ပါတော့လို့ တွေးမိနေလား။ လွန်ခဲ့တဲ့ရက်ပိုင်းက မမျှော်လင့်ဘဲ ရုတ်ချည်းဖြစ်ပေါ်ခဲ့တဲ့သဘာဝဘေးအန္တရာယ်ဆိုးကြီးဖြစ်တဲ့ ငလျင်ကြောင့်

April 5, 2025

သတိထားစောင့်ကြည့်စရာ Secondary Trauma

Secondary trauma လို့ အများကခေါ်ဆိုကြတဲ့ "secondary traumatic

March 24, 2025

မတုန်လှုပ်ပါနဲ့

မတုန်လှုပ်ပါနဲ့ "ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံယဿ န ကမ္ပတိ"

March 21, 2025

Geopolitical Aspects of Asia Related Myanmar

Geopolitical Aspects of Asia Related Myanmar

March 17, 2025

စိတ်ကြောင့်ဖြစ်တဲ့ ဝေဒနာ သို့မဟုတ် Psychosomatic Disorder အကြောင်း

‘စိတ်ထောင်းတော့ ကိုယ်ကြေ’ ဆိုတဲ့စကား ကြားဖူးကြမှာပါ။ သင့်ရဲ့ စိတ်ခံစားမှုနဲ့

en_USEnglish