Secondary trauma လို့ အများကခေါ်ဆိုကြတဲ့ “secondary traumatic stress” ဟာ တခြားသူတစ်ဦးရဲ့ ထိခိုက်ဒဏ်ရာ၊ နာကျင်မှု၊ သမိုင်းကြောင်းတွေကို နားထောင်ရတာ၊ ကြုံတွေ့ရတာကြောင့် ကိုယ်တိုင်ဖြစ်ခဲ့သလိုခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတစ်ခုဖြစ်ပါတယ်။
 
စိတ်ပိုင်းဆိုင်ရာအထောက်အကူပြုသူတွေ၊ စောင့်ရှောက်သူတွေ၊ ဆရာဝန်တွေနဲ့ သတင်းသမားတွေမှာ အများဆုံးဖြစ်တတ်သလို ခုလိုကာလမှာ သဘာဝဘေးဒဏ်သင့်ပြည်သူတွေ၊ ကယ်ဆယ်ရေးသမားတွေနဲ့ သတင်းမီဒီယာတွေကို ဆက်တိုက်ကြည့်ရှုနေသူတွေမှာလည်း ရရှိတတ်လို့ သတိထားဖို့လိုအပ်ပါတယ်။
 
Secondary trauma ရသူတွေမှာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ခြင်း၊ အာရုံစူးစိုက်ရခက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း နဲ့ အိပ်စက်ခြင်းပြဿနာလို ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေလည်း ရှိတတ်ပြီး PTSD နဲ့ဆင်တူတဲ့လက္ခဏာတွေလည်း ပြသတတ်ပါတယ်။
 
Secondary trauma ရဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကတော့ စိတ်ဖိစီးမှု (anxiety)၊စိတ်ကျရောဂါ (depression)၊ အိပ်စက်မှုပြဿနာ (Sleep Disorder)၊ မမြင်ချင်တဲ့ပုံရိပ်တွေ မြင်မိ တွေးမိနေခြင်း (intrusive thoughts or flashbacks)တို့ဖြစ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေကတော့ – အလွန်မောပန်းတာ(fatigue)၊ ကြွက်သားနဲ့အဆစ်အမြစ်တွေ ကိုက်ခဲနာကျင်တာ(Muscle aches and joint pain) ၊ ခန္ဓာကိုယ်ခုခံအားကျဆင်းပြီး ဖျားနာလွယ်တာ(Immune system impairments)၊ နှလုံးခုန်မြန်တာ(Increased heart rate) ၊ အသက်ရှူကြပ်တာ(Difficulty breathing)၊ စားသောက်မှုပုံစံပြောင်းလဲလာတာ(Changes in eating habits) တို့ဖြစ်တတ်ပါတယ်။
 
ကိုယ်က အကြောင်းရင်းတိတိကျကျမရှိဘဲ စိတ်ဆင်းရဲသလိုခံစားရတာ၊ အလွယ်တကူတုန်လှုပ်နေတာ၊ လူမှုဆက်ဆံရေးကရှောင်ဖယ်နေတာ၊ အလုပ်တွေကို စိတ်မပါတော့တာနဲ့ စိတ်တိုလွယ်လာတာတွေဆို Secondary Truama ကြောင့်ဟုတ်မဟုတ် သေချာစစ်ဆေးဖို့အတွက် နီးစပ်ရာစိတ်ရောဂါကုဆရာဝန်တွေနဲ့ စိတ်ကျန်းမာရေးပညာရှင်တွေကို မေးမြန်းအကြံယူဖို့လိုပါတယ်။
 
Secondary Trauma မရအောင် လုပ်ဆောင်ရမည့်အချက်များ
1️⃣ ကိုယ့်စိတ်ခံစားချက်ကို ဂရုစိုက်ပါ။
မိမိစိတ်ခံစားမှုတွေကို ဂရုစိုက်ပြီး စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျခြင်း၊ အိပ်မပျော်ခြင်း စတဲ့ လက္ခဏာတွေကို စောင့်ကြည့်ပါ။ ခံစားချက်တွေကို ယုံကြည်ရသူတွေနဲ့ မျှဝေပါ။
2️⃣ စိတ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာရှိပါစေ။
ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပြီးတာနဲ့ တနေ့တာဖြစ်ရပ်တွေကို ပြန်မတွေးမိစေဘဲ သက်တောင့်သက်သာ နားတတ်ဖို့လိုပါတယ်။ Journaling ရေးခြင်း၊ ငြိမ့်ငြောင်းတဲ့ဂီတကို နားထောင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ လုပ်ဆောင်ပါ။
3️⃣ အလွန်အကျွံမလုပ်မိဖို့ သတိပြုပါ။
မိမိခန္ဓာကိုယ်နဲ့ စိတ်ခံစားချက်က တတ်နိုင်တဲ့အတိုင်းအတာထိပဲ တာဝန်ယူပါ။ လိုအပ်ရင် တခြားသူတွေကို တာဝန်မျှဝေပေးပါ။
4️⃣ ကျန်းမာကြံ့ခိုင်အောင် နေပါ။
အာဟာရရှိတာစားဖို့၊ အိပ်ရေးဝဝအိပ်ဖို့ လိုအပ်သလို အားလပ်ချိန်တွေမှာ တအားမပြင်းထန်တဲ့ အားကစားတွေလုပ်နိုင်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာလည်း ရေများများ သောက်ပါ။
5️⃣ မဖြစ်မနေ သတိထားရမယ့် လက္ခဏာတွေ
ပုံမှန်မဟုတ်ဘဲ စိတ်တိုတာ၊ စိတ်ဖိစီးလာတာ၊ အလုပ်ဆက်မလုပ်ချင်တာ၊ အိပ်မပျော်တာတွေ ဖြစ်လာရင် ကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပါ။ မိမိလုပ်ငန်းတာဝန်တွေကို ခေတ္တရပ်နားပါ။
 
 
🔹 ကယ်ဆယ်ရေးတွေလုပ်နေပေမယ့် ကိုယ့်ကျန်းမာရေးက ပိုပြီးအရေးကြီးပါတယ်။ သင့်ကိုယ်နဲ့ သင့်စိတ်ကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ပါ။
 
တကယ်လို့များ စာဖတ်သူလည်း Secondary Trauma လက္ခဏာတစ်ခုခု မိမိကိုယ်တိုင် ဒါမှမဟုတ် ချစ်ခင်ရသူတစ်ဦးဦးမှာ ခံစားနေရတာပဲဖြစ်ဖြစ်၊ ငလျင်ဘေးကြောင့် စိတ်ထိခိုက်ခံစားနေတာဖြစ်ဖြစ် Jue Jue’s Safe Space ရဲ့ Disaster Distress Helpline ကို ဆက်သွယ်နိုင်ပါတယ်ရှင်။
 
Reference: What Is Secondary Trauma?, Medically reviewed by Kendra Kubala, PsyD, Psychology — Written by Zuri White-Gibson on July 15, 2022, https://psychcentral.com/health/secondary-trauma
Tags:
SecondaryTrauma
December 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

November 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

November 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

October 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

September 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

May 5, 2025

မျက်ရည်မကျဘဲ ငိုကြတဲ့အခါ ..

"မျက်ရည်မကျဘဲ ငိုကြတဲ့အခါ .." တခါတလေမှာ ကျမတို့ဟာ စိတ်ထဲက

en_USEN